ဒိန်ချဉ် အသီးဖျော်ရည် ရေခဲချောင်း (၁၀ ချောင်း) (Yogurt Fruit Juice Ice Popsicle)

by Syi Lwin Foods Garden for Food Magazine

          ဒိန်ချဉ်ကို ဒီအတိုင်းပဲ သောက်နေရတာ ရိုးသွားရင် ရေခဲချောင်းပုံစံလေး လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

သကြားဖြူ  –  စားပွဲဇွန်း ၃ – ၄ ဇွန်း

ဂျယ်လတန်မှုန့်  –  လက်ဖက်ရည်ဇွန်း ၃ ၁/၂ ဇွန်း

(gelatine powder)

ဒိန်ချဉ်  –  စားပွဲဇွန်း ၄- ၅ ဇွန်း

ရေနွေး  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ကြိုက်နှစ်သက်ရာ အသီးတစ်မျိုး

ပြုလုပ်နည်း

၁။       ကြိုက်နှစ်သက်ရာ အသီးတစ်မျိုးကို သကြား၊ ဒိန်ချဉ်ထည့်ပြီး ကြိတ်စက်ထဲမှာ ကျေညက်အောင် ကြိတ်ပါ။  ရေနွေး စားပွဲဇွန်း ၁ ဇွန်းခွဲဖြင့် ဖျော်ထားသော ဂျယ်လတန်မှုန့်များ ထည့် ဖျော်ပါ။ ပြီးလျှင် အသီးဖျော်ရည်ဖြင့် ရောမွှေပါ။

၂။       ရေခဲချောင်းခွက်ထဲ အသီးဖျော်ရည်များကို မပြည့်တပြည့် လောင်းထည့်ပါ။ ပြီးလျှင် တုတ်တံလေးများထိုးပြီး ရေခဲသေတ္တာ ရေခဲအကန့်ထဲ ၈ နာရီခန့် ထည့်ခဲထားပါ။

Facebook Comments