ထိုင်းစပါးလင်သုပ် (သက်သတ်လွတ်)

by Myint Oo Tha for Food Magazine

ထိုင်းဟင်းလျာနဲ့ ထိုင်းအသုပ်တွေမှာ စပါးလင်ကို အသုံးများပါတယ်။ ဒီစပါးလင်သုပ်က သက်သတ်လွတ်ဖြစ်တဲ့အတွက် ပင်လယ်စာနဲ့ အသားအစား ပဲပြားကို ကြော်ပြီး ထည့်ထားပါတယ်။ ပဲပြားကြော်ကို အတုံးလိုက်ထည့်နိုင်သလို ခြေပြီးလုပ်ကာ သုပ်နိုင်ပါတယ်။ ထိုင်းစပါးလင်သုပ်မှာ ဝက်သားနုပ်နုပ်စဉ်းကို ပြုတ်ပြီး ထည့်ပါတယ်။ ထိုင်းအသုပ်ရဲ့  အရသာအတိုင်း ချဉ်ချဉ်စပ်စပ်ပါပဲ။

ပါဝင်ပစ္စည်းများ

ပဲပြား-  ၂ တုံး

(လေးထောင့်အတုံးသေးသေးတုံးပါ)

စပါးလင်-  ၅ ချောင်း (ပါးပါးလှီးထားပါ)

ရှမ်းနံနံ-  ၅ ရွက် (ပါးပါးလှီးထားပါ)

ပူဒီနာ-  ၄ ပင် (အရွက်ေြွခထားပါ)

နံနံပင်-  ၆ ပင် (ပါးပါးလှီးထားပါ)

မြေပဲလှော်-  စားပွဲဇွန်း ၂ ဇွန်း

Salad Dressing အတွက် လိုအပ်တာတွေကတော့-

ကြက်သွန်နီဥသေး-  ၅၀ ဂရမ် (ပါးပါးလှီးထားပါ)

ငရုတ်သီးစိမ်း-  ၆ တောင့် (ပါးပါးလှီးထားပါ)

ပဲငံပြာရည်အကြည်-  စားပွဲဇွန်း ၂ ဇွန်း

သံပရာရည်-  စားပွဲဇွန်း ၂ ဇွန်း

ထန်းလျက်-  ၁ ခဲ (၈ ဂရမ်)

ပြုလုပ်နည်း

၁။        အတုံးသေးသေးတုံးထားတဲ့ ပဲပြားကို နီညိုရောင်သန်းသည်အထိ ကြော်ပြီး ဆယ်ယူ ထားပါ။

၂။         စပါးလင်ကို ပါးပါးလှီးထားပါ။ ကျန်ရှိတဲ့ နံနံပင်နှင့် ရှမ်းနံနံကိုလည်း ပါးပါးလှီးထားပါ။ ပူဒီနာကို ေြွခထားပါ။

၃။        Salad Dressing အတွက် ငရုတ်သီးစိမ်းနှင့် ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ပြီးလျှင် ပန်းကန်လုံးထဲ ထည့်ထားပါ။ ပြီးလျှင် ပဲငံပြာရည်အကြည်နှင့် သံပရာရည် ထည့်ပါ။ ထန်းလျက်ကို အရည်ပျော်မြန်စေဖို့အတွက် ပါးပါးလှီးထည့်ပြီး မွှေပါ။

၄။        အသုပ်သုပ်မည့်ဇလုံထဲ ပြုတ်ထားတဲ့ ပဲပြား ထည့်ပါ။ ပြီးလျှင် လှီးထားတဲ့ စပါးလင်၊ နံနံပင်၊ ရှမ်းနံနံ၊ ပူဒီနာနှင့် မြေပဲလှော်တို့ကို ထည့်ပါ။  ပြီးလျှင်Salad Dressing လောင်းထည့်ပြီး မွှေပါ။

Facebook Comments

Menu