တဇောင်းချဉ်ကြော်ချက်စပ်စပ်

by Myint Oo Tha for Food Magazine

          အညာဒေသဟင်းလေးပါ။ တဇောင်းချဉ်နဲ့ တဇောင်းခါး နှစ်မျိုးစလုံးကို ဒီနည်းနဲ့ပဲ အညာမှာ ချက်ကြပါတယ်။ ဒီဟင်းချက်ပြီဆိုရင် အညာပဲဟင်းချိုနဲ့ ငရုတ်သီးစိမ်းကို မီးဖုတ်ပြီးထောင်းတဲ့ ငရုတ်သီးထောင်းမွှေးမွှေးလေးပါ တွဲပြီး စားကြပါတယ်။

ပါဝင်ပစ္စည်းများ

တဇောင်းချဉ်  –  ၂၅၀ ဂရမ်

ပုစွန်ခြောက်  –  စားပွဲဇွန်း ၂ ဇွန်း

ငါးခြောက် (ငါးကွမ်းရှပ်)   –  ၁၂၀ ဂရမ် (ရေဆေးထားပါ)

ငရုတ်သီးစိမ်း  –  ၁၂ တောင့်

ကြက်သွန်နီ  –  ၁၂၀ ဂရမ် (ပါးပါးလှီးထားပါ)

ခရမ်းချဉ်သီး  –  ၂ လုံး (အတုံးသေးသေးတုံးထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ရေ  –  ၂၅၀ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ငရုတ်သီးစိမ်းနှင့် ပုစွန်ခြောက်ကို ရောပြီး ထောင်းထားပါ။

၂။       တဇောင်းချဉ်ကို ရေဆေးပြီး ထုပါ။ ပြီးလျှင် လက်ဖြင့် ဆုပ်ပြီး အရည်များကို ညှစ်ထုတ်ပစ်ပါ။

၃။       ပါးပါးလှီးထားတဲ့ ကြက်သွန်ကို ဆီသတ်ပါ။

၎။       ကြက်သွန်နွမ်းလျှင် ခရမ်းချဉ်သီးထောင်းထားတဲ့ ငရုတ်သီးနှင့် ပုစွန်ခြောက်၊ ငါးခြောက်တို့ကို ထည့်ပြီး မွှေပေးပါ။

၅။       ပြီးလျှင် ရေထည့်ပြီး ချက်ပါ။ အဖုံးဖုံးထားပါ။

၆။       ငါးခြောက်နူးပြီး ရေခန်းလျှင် တဇောင်းချဉ်ထည့်ပြီး ချက်ပါ။

၇။       ဆားထည့်ပြီး ဆီပြန်လျှင် အဆင်သင့်ဖြစ်ပါပြီ။

www.facebook.com/Myint Oo Tha

Facebook Comments