တူနာအာလူးကတ်တလိတ် (Tuna & Potato Cutlets)

by Sofia for Food Magazine

          အာလူးကတ်တလိတ်ကို တူနားငါးထည့်ပြီး ပြုလုပ်ထားတာပါ။ စားနေကျပုံစံနဲ့မတူဘဲ အရသာတစ်မျိုးထူးတဲ့ တူနာအာလူးကတ်တလိတ် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

တူနာငါး  –  ၁ ဘူး (ဘူးသေး)

အာလူး  –  ၃၀ဝ ဂရမ်

ကြက်သွန်နီ  –  ၁ လုံး (သေးသေး)

ချင်း  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  ၁/၂ ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

ငရုတ်ကောင်းမှုန့်အဖြူ  –  အနည်းငယ်

ပြောင်းဖူးမှုန့် /ကော်မှုန့်  –  ၃ ဇွန်း

ပေါင်မှုန့်ခြောက် (သို့) ဂျုံမှုန့်  –  ၁ ပန်းကန်

ပြုလုပ်နည်း

၁။       ဦးစွာအာလူးကို ရေဆေးသန့်စင်ပြီး နူးအောင်ပြုတ်ပါ။ အာလူးနူးပါက အခွံနွှာပြီး ထောင်းထား (သို့) ကြိတ်ထားပါ။ ပန်းကန်ကြီးကြီးတစ်ချပ်မှာ ထည့်ပါ။

၂။       ကြက်သွန်ကို သေးသေးစိတ်ထည့်ပါ။ ချင်းထောင်းထည့်ပါ။ တူနာငါးကို ရေစစ်ပြီး လက်ဖြင့် ဖိခြေကာ ထည့်ပါ။

၃။       ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်ထည့်၍ သမအောင်မွှေပြီး ရေခဲသေတ္တာမှာ

မိနစ် ၃၀ ခန့် ထည့်ထားပါ။

၎။       ပန်းကန်တစ်ချပ်မှာ ပေါင်မှုန့်ခြောက် (သို့) ဂျုံမှုန့် ထည့်ထားပါ။

၅။       အားလုံးအသင့်ဖြစ်ပါက ဆီအိုးကို ပူအောင်တည်ထားပါ။ တူနာအာလူးကို လိုသလို အရွယ် အလုံးလုံးပြီး လက်ဖြင့် ပြန်ဖိပေးကာ ပေါင်မှုန့်ခြောက် (သို့) ဂျုံမှုန့်ကပ်ပြီး ဆီပူမှာ ထည့်ကြော်ပါ။ ရွှေဝါရောင်ရပါက ဆယ်ယူပြီး ဆီစစ်ကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Facebook Comments