
31 - July - 2017
တုန်ယမ်းကန်စွန်းရွက်ကြော်
ဒီတစ်လတော့ လွယ်လွယ်ကူကူကြော်လို့ရတဲ့ တုန်ယမ်းကန်စွန်းရွက်ကြော်ကို တင်ပြပေးပါမယ်။ တုန်ယမ်းအနှစ်ကို Ready Made ပုလင်းလေးတွေ ဝယ်လို့ရပါတယ်။ ဒီအနှစ်နဲ့ပဲ ကြော်ပေးမှာပါ။
► ပါဝင်ပစ္စည်းများ
♦ ကန်စွန်းရွက် – ၁ စည်း
(အရိုး၊ အရွက် ခွဲပြီး လှီးသင်ထားပါ)
♦ ကြက်သွန်ဖြူ – ၅ မြွှာ
♦ ငရုတ်သီးစိမ်း – ၁၀ တောင့်
♦ စိတ်ပြီး ချယ်ရီခရမ်းချဉ်သီး – ၅ လုံး
♦ Ready Made တုန်ယမ်းအနှစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
♦ ဆား – အနည်းငယ်
♦ ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငံပြာရည် – အနည်းငယ်
♦ ဆီ – အနည်းငယ်
► ပြုလုပ်နည်း
၁။ ဆီအိုးကို မီးပြင်းပြင်းဖြင့် အပူပေးထားပါ။
၂။ ဇလုံတစ်လုံးထဲ ကန်စွန်းရွက်များမှလွဲပြီး ကန်စွန်းရိုးများနှင့် ပါဝင်ပစ္စည်းများ ရောထည့်ကာ ဆီအိုးထဲ အားလုံး တစ်ပေါင်းတည်းထည့်ပြီး အနည်းငယ်နွမ်းသွားအောင် ကြော်ပေးပါ။
၃။ ကျန်နေသော ကန်စွန်းရွက်ပိုင်းများထည့်ကာ နွမ်းရုံကြော်ပေးပြီး အဆုံးသတ်နိုင်ပါပြီ။
www.facebook.com/MY FOODIES (mm)