
25 - October - 2019
တိုဟူးဟင်း
by အံ့ဝင့္ထြဋ္ (MRTV – 4) for Food Magazine
ဒီဟင်းလျာကတော့ တိုဟူးကို ဟင်းပုံစံစားချင်သူများအတွက် အရသာတွေ့စေမယ့် ရိုးရှင်းလွယ်ကူတဲ့ ဟင်းလျာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
နနွင်းမှုန့် – အနည်းငယ်
သက်သတ်လွတ်ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ကြက်သွန်ဖြူထောင်း – စားပွဲဇွန်း ၁ ဇွန်း
ဆီ – စားပွဲဇွန်း ၅ ဇွန်း
ငရုတ်သီးနီ/စိမ်း – ၇ တောင့်ခန့်
ကြက်သွန်နီထောင်း – စားပွဲဇွန်း ၂ ဇွန်း
တိုဟူး – ၂ဝဝ ဂရမ်
ခရမ်းချဉ်သီး – ၁ လုံး
နံနံပင် – အနည်းငယ်
ပြုလုပ်နည်း
ခရမ်းချဉ်သီးကို ဟင်းထဲထည့်ချက်ရန်အတွက် အနေတော်လှီးပါ။ တိုဟူးကို အနေတော်အတုံးလေး တုံးပါ။ နံနံပင်ကို ပါးပါးလှီးပါ။ ငရုတ်သီးကို ထက်ခြမ်းခြမ်းပါ။ နနွင်းမှုန့် ကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ ထည့်ပြီး ဆီသတ်ပါ။ ငရုတ်အနှစ်ထည့်ပြီး ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့်ပြီး အနှစ်ရသည်အထိ ချက်ပါ။ သက်သတ်လွတ်ဟင်းခတ်မှုန့်၊ ဆား၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပါ။ ရေ အနည်းငယ်ထည့်ပြီး အနှစ်ရသည်အထိ ချက်ပါ။ ငရုတ်သီးထည့်၊ တိုဟူးများ ထည့်၊ ဆား အနည်းငယ် ထည့်ပါ။ သက်သတ်လွတ်ဟင်းခတ်မှုန့် အနည်းငယ်နှင့် နံနံပင်ထည့်ပါ။ အနံ့၊ အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။