တိုဟူးနှင့် မှိုအစပ်ကြော်

by အံ့ဝင့္ထြဋ္  (MRTV – 4) for Food Magazine

သက်သတ်လွတ်သမားများအတွက် အထူးသင့်လျော်တဲ့ ဟင်းပွဲလေးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

တိုဟူး –  ၁၅၀ ဂရမ်

ခရမ်းချဉ်သီး –  ၁ လုံး

ကြက်သွန်ဖြူ –  ၄ မြွှာ

ဆား –  အနည်းငယ်

သကြား –  အနည်းငယ်

မှို –  ၈၀ ဂရမ်

ငရုတ်သီးစိမ်း/နီ –  ၆ တောင့်

ကော်မှုန့် –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ပဲငံပြာရည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သက်သတ်လွတ်ဟင်းခတ်မှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တရုတ်နံနံ –  အနည်းငယ်

ဆီ –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ဦးစွာ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ခရမ်းချဉ်သီးကို အနေတော် အတုံး လှီးဖြတ်ထားပါ။ ငရုတ်သီးကို ထက်ခြမ်းခြမ်း၍ ကြက်သွန်မြိတ်ကို အနေတော်လှီးဖြတ်ပါ။ တရုတ်နံနံကို အရွက်လေးများ ေြွခထားပါ။ မှိုကို အနေတော်လှီးဖြတ်၍ တိုဟူးကို အနေတော် အတုံးလေးများ လှီးဖြတ်ထားပါ။ တိုဟူးကို ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ် နှင့် ကော်မှုန့်ဖြူးပါ။ ဆီပူလာလျှင် တိုဟူးကို ြွကပ်သည်အထိ ကြော်ပါ။ ကြက်သွန်ဖြူကို ဆီသတ်ပြီး အနံ့မွှေးလာလျှင် ငရုတ်သီးစိမ်း/နီ ထည့်ပါ။ ပြီးလျှင် မှိုထည့်ပြီး ခရမ်းချဉ်သီး ထည့်ပါ။ အရသာများ၊ သကြား၊ ဆား အနည်းငယ်၊  သက်သတ်လွတ် ဟင်းခတ် မှုန့် အနည်း ငယ်၊ ပဲငံပြာရည် အနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ကို ထည့်ပါ။ တရုတ်နံနံ ထည့်ပြီး ကြက်သွန်မြိတ်ထည့်၍ ကြော်ထားသော တိုဟူးများထည့်ပါ။ ပြီးလျှင် ပန်းကန်မှာ ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments