တိုဟူးခြောက်စပ်ဟင်း

by အံ့ဝင့္ထြဋ္  (MRTV – 4) for Food Magazine

ချဉ်ငန်စပ်တိုဟူးသုပ်တွေကို စားရတာ ရိုးသွားရင်တော့ ဒီလိုပုံစံလေး ချက်စားကြည့်ပါနော်။ ထမင်းမြိန်စေမယ့်အပြင် လုပ်ရတာလည်း လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ

နံနံပင် –  အနည်းငယ်

ကြက်သွန်မြိတ် –  အနည်းငယ်

သက်သတ်လွတ်ဟင်းခတ်မှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ –  ၂ လုံး

ငရုတ်သီးအကြမ်းမှုန့် –  စားပွဲဇွန်း ၂ ဇွန်း

ဆား –  အနည်းငယ်

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

တိုဟူး –  ၂ဝဝ ဂရမ်

ဆီ –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ကြက်သွန်နီကို ပါးပါးလှီး၍ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ကို အနေတော်လှီးပြီး တိုဟူးကို အတုံးလေးများ တုံးထားပါ။ တိုဟူးကို ြွကပ်အောင် ကြော်ပြီး ဆယ်ယူထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့် ၍ ဆီပူပြီဆိုလျှင် နနွင်းမှုန့် ထည့်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ပါးပါးလှီး ထားတဲ့ ကြက်သွန်နီကို ထည့်ပြီး ကြက်သွန်နီများ ြွကပ်လာသည်အထိ ကြော်ပါ။ ငရုတ်သီးအကြမ်းမှုန့် ထည့်ပြီး ကြော်ထားသော တိုဟူးများ ထည့်ပါ။ အရသာအတွက် ဆား အနည်းငယ်၊ သကြား အနည်းငယ်၊ သက်သတ်လွတ်ဟင်းခတ်မှုန့် အနည်းငယ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ကို ထည့်ပါ။ အရသာထည့်ပြီးသွားလျှင် လှီးထားတဲ့ ကြက်သွန်မြိတ်နှင့် နံနံပင်ကို ထည့်ပါ။ ပြီးလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments