
17 - September - 2018
by Ko Thit Htoo for Food Magazine
အသင့်စား ခေါက်ဆွဲထုပ်တွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ ဟာသလေးတွေ ပြောကြတာက အထုပ်ပေါ်က ပုံတွေအတိုင်း အထဲထဲမှာ အသားတွေ၊ ပုစွန်တွေပါလိမ့်မယ်လို့ ထင်ခဲ့ဖူးတယ်ဆိုတာပါ။ ဒီအတွက် ချက်နည်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
နှစ်သက်ရာအသင့်စား ဆီချက်ခေါက်ဆွဲ – ၂ ထုပ်
ထိုင်ဝမ်မုန်ညင်းရွက် – ၂ ပင် (သန့်စင်ပြီး အနေတော်လှီးထားပါ)
ကြက်ဥ – ၁ လုံး
ပုစွန် – ၄ ကောင် (သန့်စင်ခွာပြီး)
ကြက်သွန်မြိတ် – ၂ ပင် (ပါးပါးလှီးပြီး)
ပြုလုပ်နည်း
၁။ ကြက်ဥကို ရေနွေးဆူဆူမှာ ၄ မိနစ် ပြုတ်ပြီး ရေအေးချက်ချင်းစိမ်ပြီး အခွံနွှာထားပါ။
၂။ ရေနွေးဆူအောင်တည်ပြီး ခေါက်ဆွဲ၊ ပုစွန်၊ အရွက်များအားလုံးရောပြီး ပြုတ်ထားပါ။
၃။ ၃ မိနစ်ခန့် ပြုတ်ပြီး ရေသွန်၍ ရေစစ်ထားပါ။ ရေစစ်ပြီးလျှင် အရသာနဲ့ ဆီထုပ်များ ဖောက်ထည့်ပြီး သမအောင်မွှေပါ။ ပန်းကန်မှာပြင်ဆင်တဲ့အခါ ကြက်ဥကို ထက်ခြမ်းလှီးပြီး ကြက်သွန်မြိတ်များဖြူးပြီး ပြင်ဆင်သုံးဆောင်နိုင်ပါပြီ။
www.facebook.com/MY FOODIES (mm)