ဇီချွမ်းစတိုင် ဂျယ်လီခေါက်ဆွဲသုပ် (Sichuan Cold Jelly Noodle Slad) Liangfen (凉粉)

by Sofia for Food Magazine

တရုတ်အစားအစာတစ်မျိုးဖြစ်တဲ့ ဂျယ်လီခေါက်ဆွဲ အအေးစာလေးက ဆိုဖီယာအတွက်တော့ မည်သည့်အချိန်စားစား မရိုးနိုင်တဲ့ အစားအစာလေး တစ်ခုဖြစ်ပါတယ်။ ပြုလုပ်ရတာလွယ်ကူပြီး အရသာလည်း ကောင်းမွန်တဲ့ ဂျယ်လီအအေးခေါက်ဆွဲသုပ် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ လုပ်စား ကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

မတ်ပဲအမှုန့် (Mung Bean Flour) –  ၁၀ဝ ဂရမ်

ရေ –  ၉၀ဝ မီလီလီတာ

ဇီချွမ်းဆော့စ် –  ၁ ပန်းကန်

ပြုလုပ်နည်း

၁။       ဦးစွာ မတ်ပဲအမှုန့်ကို ပန်းကန်ထဲထည့်၍ ရေ ၂၀ဝ မီလီလီတာ ထည့်ပြီး ဖျော်ထားပါ။

၂။       အိုးတစ်အိုးထဲ လက်ကျန်ရေ ၇၀ဝ မီလီလီတာ ထည့်ပြီး ဆူပွက်လာ အောင် တည်ပါ။ ဆူပွက်လာပါက အသင့်ဖျော်ထားတဲ့ ပဲမှုန့်ရည်ကို ဖြည်းဖြည်းချင်း တစ်ဖက်မှ ထည့်ပြီး တစ်ဖက်မှ အဆက်မပြတ် မွှေပါ။

၃။       အဆက်မပြတ် မွှေနေရင်း အရောင်ကြည်လာပါက အအေးခံမည့် ဗန်း (သို့) ပန်းကန်ထဲ လောင်းထည့်ပြီး အအေးခံထားပါ။

၎။       လုံးဝအေးသွားပါက လိုသလိုလှီးဖြတ်ပြီး အသင့်ဖျော်စပ်ထားတဲ့ ဇီချွမ်းဆော့စ်ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

ဇီချွမ်းဆော့စ်အတွက် ပါဝင်ပစ္စည်းများ

ဇီချွမ်းငရုတ်ဆီ –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည် –  ၂ ဇွန်း

ရှလကာရည် –  ၂ ဇွန်း

နှမ်းဆီမွှေး –  အနည်းငယ်

ကြက်သွန်ဖြူဆီချက် –  ၁ ဇွန်း

ကြက်သွန်ဖြူ –  ၁ မြွှာ (နုပ်နုပ်စဉ်းပါ)

နှမ်းလှော် –  အနည်းငယ်

သကြား –  ၁/၂ ဇွန်း

ကြက်သွန်မြိတ် –  ၁ ပင်

နံနံပင် –  အနည်းငယ်

မြေပဲဆံ –  အနည်းငယ် (optional)

ရေ –  ၅ ဇွန်း

ငရုတ်သီး –  ဖြူးရန် (optional)

ပြုလုပ်နည်း

၁။       ပန်းကန်ထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ သမအောင်မွှေပြီး အပေါ့အငန် လိုသလို ပြုပြင်ပါ။

၂။       ဇီချွမ်းငရုတ်ဆီပြုလုပ်ရန်မှာ ဇီချွမ်းငရုတ်ကောင်း ၁ ဇွန်းနှင့် နာနတ်ပွင့် ၂ ပွင့်ကို ဆီ ၅ ဇွန်း စာဖြင့် မွှေးလာအောင် ဆီသတ်ပါ။ မွှေးလာပါက ဆီကို စစ်ယူပြီး ငရုတ်သီးမှုန့် ၃ ဇွန်း ထည့်ပြီး အပူပြန်ပေးပါ။ မွှေးလာပါက မွှေပြီး မီးဖိုပေါ်မှချပါ။ မကျွမ်းအောင် ဂရုပြုပါ။

ဇီချွမ်းငရုတ်ကောင်း (ဟွားကျောက်) ကို တရုတ်ကုန်စုံဆိုင်များမှာ ဝယ်ယူနိုင်ပါတယ်။

Facebook Comments