ဇရစ်ချဉ်တည်နည်း + ဇရစ်ချဉ်ကြော်ချက်

by Myint Oo Tha for Food Magazine

ပါဝင်ပစ္စည်းများ

ဇရစ်ရိုး  –  ၅ စည်း

ထမင်းရည်  –  ဇရစ်ရိုးမြုပ်အောင် ထည့်ပါ

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

ဇရစ်ချဉ်ကြော်ချက် ချက်နည်း

ခရမ်းချဉ်သီး  –  ၂ လုံး (အတုံးသေးသေးတုံးထားပါ)

ပုစွန်ခြောက်  –  စားပွဲဇွန်း ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးစိမ်း  –  ၁၀ တောင့်

အနှစ်အတွက်ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၅၀ ဂရမ်

ကြက်သွန်ဖြူ  –  ၃၀ ဂရမ်

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပထမဦးဆုံး ဇရစ်ရိုးကို အနေတော်အရွယ်ဖြတ်ထားပါ။

၂။       ထမင်းရည်ထဲကို နနွင်းမှုန့်၊ ဆားထည့်ပြီး မွှေထားပါ။

၃။       ဇရစ်ရိုးကို မြေအိုးထဲထည့်ပြီး ထမင်းရည်လောင်းထည့်ပါ။ ဇရစ်ရိုးမြုပ်နေရပါမယ်။

၎။       ပြီးလျှင် ငှက်ပျောရွက်နဲ့ လုံအောင်ဖုံးပါ။ ပြီးလျှင် မြေအိုးကို စလောင်းဖုံးဖြင့် ဖုံးထားပါ။

၅။       ၃-၄ ရက်ဆိုလျှင် ဇရစ်ချဉ်ရပါပြီ။ (မြေအိုးမရှိလျှင် ဖန်အိုးအကြီးထဲထည့်ပြီး ဇရစ်ချဉ်တည်နိုင်ပါတယ်။)

ဇရစ်ချဉ်ကြော်မယ်ဆိုလျှင်တော့ –

၁။       ဇရစ်ချဉ်အိုးထဲမှ ဇရစ်ချဉ်ကို ဆယ်ယူပြီး အချဉ်ရည်ညှစ်ပစ်ပါ။

၂။       ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ကို ထောင်းထားပါ။ ရေစိမ်ထားတဲ့ ပုစွန်ခြောက်ကို မညက်တညက် ထောင်းထားပါ။

၃။       ဆီအိုးတည်ပြီး ဆီပူသည်နှင့် ထောင်းထားတဲ့အနှစ်နဲ့ ပုစွန်ခြောက်ကို ဆီသတ်ပေးပါ။

၎။       အနှစ်မွှေးလာလျှင် ခရမ်းချဉ်သီးထည့်ပြီး နွမ်းလာသည်အထိ ကြော်ပေးပါ။

၅။       ပြီးလျှင် ဇရစ်ချဉ်ထည့်ပြီး ကြော်ပါ။ ပြီးလျှင် ရေထည့်ပြီး ဆက်၍ချက်ပါ။

၆။       အရသာအတွက် ဆားနှင့် ငံပြာရည်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။

၇။       ဆီပြန်သည်အထိ ချက်ပြီး အဆင်သင့်ဖြစ်ပါပြီ။

Facebook Comments