ဆူးခါးရွက် (သို့်) အင်ဇွန်းရွက်သုပ်

by Myint Oo Tha for Food Magazine

          ဆေးဖက်ဝင်တဲ့ သဘာဝကပေးသော ဟင်းရွက်တစ်မျိုးကို ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်။ ဆူးခါးရွက်က မျက်စိအားကောင်းတယ်လို့ သိရပါတယ်။ ဆူးခါးရွက်ကို ရှမ်းပြည်နယ်မှာ အများဆုံးတွေ့ရပြီး အိမ်တိုင်းနီးပါး စိုက်လေ့ရှိတယ်လို့လည်း သိရပါတယ်။ အပင်မှာဆူးများတဲ့ အပင်တစ်မျိုးပါ။ ရင့်တဲ့အရွက်တွေရဲ့  အဖျားမှာလည်း ဆူးလို အချွန်သေးသေးလေးတွေကို တွေ့ရပါတယ်။ တိုင်းရင်းသားဟင်းတွေရဲ့ ထုံးစံအတိုင်း ရိုးရှင်းပြီး ချက်ရတာ လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ

ဆူးခါးရွက်  –  ၂ စည်း

ပဲပုပ်အစို (သို့) ပဲငါးပိ  –  စားပွဲဇွန်း ၂ ဇွန်း

ခရမ်းချဉ်သီး  –  ၃ လုံး  (အတုံးသေးသေးတုံးထားပါ)

ငရုတ်သီးစိမ်း  –  ၂၀ ဂရမ်  (ပါးပါးလှီးထားပါ)

ကြက်သွန်နီ  –  ၁၂၀ ဂရမ် (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ  –  ၂၅ ဂရမ်၊ (ပါးပါးလှီးထားပါ)

မြေပဲလှော်  –  စားပွဲဇွန်း ၂ ဇွန်း (ထောင်းထားပါ)

ဆား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပထမဆုံး ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ဆီသတ်ပါ။  နီဝါရောင်သန်းလာလျှင် ခရမ်းချဉ်သီးထည့်ပါ။

၂။       ခရမ်းချဉ်သီးနွမ်းလျှင် ပဲငါးပိ (သို့) ပဲပုပ်အစိုထည့်ပါ။ ပြီးလျှင် ဆားထည့်ပါ။

၃။       ဆီပြန်လာလျှင် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းထည့်ပြီး မွှေပေးပါ။

၎။       ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။

၅။       ဆူးခါးရွက်ကို ရေနွေးဖျောဖို့ ရေနွေးအိုး တည်ပါ။ ရေဆူသည်နှင့် ခြွေထားသော ဆူးခါးရွက်ထည့်ပါ။

၆။       ပြီးလျှင် ဆယ်ယူပြီး ရေအေးနှင့်ဆေးပါ။

၇။       ပြီးလျှင် ရေညှစ်ပြီး အသုပ်သုပ်မည့် ဇလုံထဲထည့်ပါ။ (ပါးပါးလှီးပြီးလည်း သုပ်နိုင်ပါတယ်)

၈။       ဆီသတ်ထားသော ကြက်သွန်၊ ပဲငါးပိ၊ ဆားနှင့် မြေပဲတို့ကို ထောင်းထည့်ပြီး နယ်ပါ။

www.facebook.com/Myint Oo Tha

Facebook Comments