ဆူကီ

by Sofia for Food Magazine

          ဆူကီချက်နည်းက ဆမိုင်အချိုပွဲနဲ့ ချက်နည်းတူပါတယ်။ အုန်းနို့၊ နွားနို့၊ နို့စိမ်း နှစ်သက်ရာတို့ကို အစားထိုး အသုံးပြုနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆူကီခြောက်  –  ၁၆၀ ဂရမ် (၁၀ ကျပ်သား)

နွားနို့  –  ၁ လီတာ

ရေ  –  ၁ လီတာ

နို့ဆီ  –  ၁ ဘူး

ထောပတ်  –  စားပွဲဇွန်း ၂ ဇွန်း

သာဂူစေ့  –  ၁၀ဝ ဂရမ်

သီဟိုဠ်စေ့ (သို့) Almond  –  ၁၀ဝ ဂရမ်

ဖာလာစေ့  –  ၂ စေ့

အုန်းသီး၊ စပျစ်ခြောက်၊ သစ်သီးခြောက်  –  အပေါ်မှာ တင်ရန်

ပြုလုပ်နည်း

၁။       ဦးစွာ အိုးသေးသေးတစ်လုံးထဲ ရေထည့်၍ တည်ပြီး ဆူပွက်ပါက သာဂူစေ့ထည့်ကာ ၅ မိနစ်ခန့် ပြုတ်ပါ။ သာဂူအဆန်ပျောက်ခါနီးမှာ မီးပိတ်ပြီး အဖုံးအုပ်ထားပါ။

၂။       ဆူကီကျိုမည့်အိုးထဲ နွားနို့၊ ရေ၊ နို့ဆီ၊ ဖာလာစေ့၊ သီဟိုဠ်စေ့ (သို့) Almond စေ့ သေးသေးစိတ်နှင့် ထောပတ်တို့ကို ထည့်ပြီး ကျိုပါ။

၃။       ဆူကီခြောက်လှော်ပြီးသားမဟုတ်ပါက ထောပတ်အနည်းငယ်ဖြင့် လှော်ပါ။

၎။       ပြုတ်ထားသော သာဂူစေ့ကို ရေဆေးပြီး ရေစစ်ထားပါ။

၅။       တည်ထားသောနွားနို့အိုး ဆူပွက်ပါက ဆူကီခြောက်ထည့်ပါ။ ရေစစ်ထားသော သာဂူစေ့ထည့်ပါ။

၆။       ၅ မိနစ်ခန့် ဆူပွက်ပါက အဖုံးအုပ်ပြီး မီးပိတ်ကာ ၁၀ မိနစ်ခန့် ဆူကီစေ့များ နှပ်သွားသည်အထိ ထားပြီး ပန်းကန်မှာ တည်ခင်းကာ အုန်းသီး၊ စပျစ်ခြောက်၊ သစ်သီးခြောက်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Facebook Comments