ဆီချက်ခေါက်ဆွဲ

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ဂျုံခေါက်ဆွဲ  –  ၁၅၀ ဂရမ်

ကြက် (ပေါင်သား)  –  ၃၀ဝ ဂရမ်

ကြက်သွန်မြိတ်  –  အနည်းငယ်

ပဲငံပြာရည် (အကြည်)  –  စားပွဲဇွန်း ၁ ဇွန်း

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ဆီ  –  စားပွဲဇွန်း ၆ ဇွန်း

ကြက်သွန်ဖြူ  –   ၁၀ မြွှာ

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ကြက်သားကို ကြက်သားမှုန့်၊ ဆား၊ အရသာများထည့်ပြီး နူးလာသည်အထိ ပြုတ်ပါ။ ပြီးလျှင် အအေးခံပြီး ကြက်သားကို နွှင်ထားပါ။

၂။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီချက်ချက်ပါ။ အနံ့မွှေးပြီးြွကပ်လာပြီဆိုလျှင် အအေးခံထားပါ။

၃။       ကြက်သွန်ဖြူဆီချက် ဆီ စားပွဲဇွန်း ၁ ဇွန်းဖြင့် ခရုဆီ၊ ပဲငံပြာရည်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့်တို့ကို ဆီသတ်ပါ။ ပူလာပြီဆိုလျှင် ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပြီှးကေခန ရအောင် ပြုလုပ်ပါ။

၎။       ခေါက်ဆွဲကို ရေဆူဆူမှာ ကျက်အောင်ပြုတ်ပါ။ ပြီးလျှင် ရေစစ်ပြီး ဇလုံထဲမှာကေခနယ ကြက်သား၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်မြိတ်တို့ဖြင့် နယ်ပေးပါ။ (ခေါက်ဆွဲ ပူနေချိန်မှာပင် နယ်ပေးရပါမည်)

၅။       ရပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments