ဆိတ်သားလုံးချိုစပ်နှင့် သီးရွက်စုံကြော်

by Chef Sunny for Food Magazine

          ဒီလမှာ နောက်ထပ်ရွေးချယ်ပြီး ဖော်ပြပေးချင်တဲ့ ဟင်းလျာအတွဲလေးကတော့ “ဆိတ်သားလုံးချိုစပ်နဲ့ သီးရွက်စုံကြော်” လေးပါ။ ဆိတ်သားလုံးနဲ့ ဟင်းအနှစ်ကိုတော့ ဂျပန်အစားအစာနဲ့ အနောက်တိုင်း အစားအစာနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ Fusion Style လေးနဲ့ ပြင်ဆင်ချက်ပြုတ်ထားပြီး သီးရွက်စုံကြော်ကိုတော့ အနောက်တိုင်းသားတွေ  ပြင်ဆင်တဲ့ပုံစံအတိုင်း ထောပတ်လေးအနည်းငယ်နဲ့ ကြော်ထားတာပါ။ ကဲ… ရိုးရှင်းတဲ့ ဆိတ်သားလုံးချိုစပ်နဲ့ သီးရွက်စုံကြော်လေးကို ပြင်ဆင်ကြည့်ကြရအောင်။ OK, WOW!!!

SO BEAUTIFUL!!!

ဆိတ်သားလုံးချိုစပ်

ပါဝင်ပစ္စည်းများ

ဆိတ်သား  –  ၂၀ဝ ဂရမ် (စဉ်းကော)

ကြက်ဥ  –  ၁ လုံး

ပေါင်မုန့်ခြောက်အမှုန့်  –  ၁၀ဝ ဂရမ်

ဂျုံမှုန့်  –  စတီးဇွန်း ၃ ဇွန်း

မောင့်ရီးရဲအသားမှုန့်  –  စတီးဇွန်း ၂ ဇွန်း

ကဂျွန်အရသာမှုန့်  –  စတီးဇွန်း ၁ ဇွန်း

ရို့စ်မယ်ရီရွက်  –  အနည်းငယ်

သီးစုံကော့တေးလ်  –  စတီးဇွန်း ၅ ဇွန်း

သံလွင်ဆီ  –  စတီးဇွန်း ၂ ဇွန်း

ဝိုင်နီ  –  ၁၀ဝ မီလီလီတာ

ဂျပန်ဘာဘီကြူဆော့စ်  –  ၂၀ဝ မီလီလီတာ

ဂေါ်ဂွန်ဇိုးလားချိစ်  –  ၈၀ ဂရမ်

ပြုလုပ်ပုံ

၁။       အသင့်ကြိတ်ထားသော ဆိတ်သားကို ကြက်ဥ၊ ပေါင်မုန့်ခြောက်အမှုန့်၊ ဂျုံမှုန့်၊ မောင့်ရီးရဲအရသာမှုန့်၊ ကဂျွန်အရသာမှုန့်၊ ရို့စ်မယ်ရီရွက်၊ သီးစုံကော့တေးလ်တို့နှင့် ရောပြီး ဆိတ်သားလုံး ပြုလုပ်ထားပါ။

၂။       ဒယ်အိုးမှာ သံလွင်ဆီကို အပူပေးပြီး အသင့်လုံးထားသော ဆိတ်သားလုံးကို အနည်းငယ်အရောင်ရအောင် ကြော်ပေးပါ။

၃။       ဆိတ်သားလုံးအရောင်ရလာလျှင် ဝိုင်နီ၊ ဂျပန်ဘာဘီကြူဆော့စ်နှင့် သီးစုံ ကော့တေးလ်တို့ကို ထည့်ချက်ပြီး ဂေါ်ဂွန်ဇိုးလားချိစ် အနည်းငယ်ထည့်၍ ရို့စ်မယ်ရီနှင့် အလှဆင်တည်ခင်းပါ။

သီးရွက်စုံကြော်

ပါဝင်ပစ္စည်းများ

ပန်းဂေါ်ဖီဖြူ  –  အနည်းငယ်

ပန်းဂေါ်ဖီစိမ်း  –  အနည်းငယ်

ငရုတ်ပွဝါ/နီ/စိမ်း  –  အနည်းငယ်

ပြောင်းဖူးငယ်  –  ၅ ဖူး

မုန်လာဥနီ  –  ၁/၃ လုံး

ဖရုံသခွားသီး  –  ၁/၂ လုံး

ဗိုလ်စားပဲ  –  ၅ တောင့်

ရွှေပဲသီး  –  ၁၀ တောင့်

နှင်းပွင့်မှို  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်သွန်နီ  –  အနည်းငယ်

ထောပတ်  –  စတီးဇွန်း ၁ ဇွန်း

မောင့်ရီးရဲအရသာမှုန့်  –  စတီးဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ

၁။       ပန်းဂေါ်ဖီဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွဝါ၊ ငရုတ်ပွနီ၊ ငရုတ်ပွစိမ်း၊ ပြောင်းဖူးငယ်၊ မုန်လာဥနီ၊ ဖရုံသခွားသီး၊ ဗိုလ်စားပဲနှင့် ရွှေပဲတို့ကို လှီးပြီး ဆားရည်မှာ စိမ်ထားပါ။

၂။       နှင်းပွင့်မှို၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကိုလည်း လှီးထားပါ။

၃။       အသင့်လှီးပြီး ဆားရည်စိမ်ထားသော သီးရွက်စုံကို ရေစစ်ပြီး ရေနွေးမှာ ၂ မိနစ်ခန့် ပြုတ်၍ ထောပတ်၊ ကြက်သွန်ဖြူ ဆီသတ်ပြီး ရောကြော်ပါ။

၎။       အရသာကို မောင့်ရီးရဲအရသာမှုန့် အနည်းငယ်နှင့် ထိန်းညှိပြီး တည်ခင်းပါ။

Facebook Comments