ဆိတ်သားပဲဟင်း

 by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ဆိတ်သား  –  ၃၀ဝ ဂရမ်

ကုလားပဲ  –  ၁၀ဝ ဂရမ်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ –  ၄ မြွှာ

ပျဉ်းတော်သိမ်ရွက်  –  ၁၀ ရွက်ခန့်

နနွင်းမှုန့်  –  အနည်းငယ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

မဆလာ  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ကုလားပဲကို မချက်ခင် ၂ နာရီခန့် ကြိုပြီး ရေစိမ်ထားပါ။

၂။       ဆိတ်သားကို အနေတော်အတုံးများတုံးပေးပါ။ ပြီးလျှင် ဆားအနည်းငယ်၊ ငံပြာရည် အနည်းငယ်၊ မဆလာ၊ နနွင်းမှုန့် အနည်းငယ်တို့ဖြင့် နယ်ပြီး နှပ်ထားပါ။

၃။       ကြက်သွန်ဖြူ /နီတို့ကို နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် မဆလာ အနည်းငယ်နှင့် ပျဉ်းတော်သိမ်ရွက်ထည့်ပါ။

၎။       အနံ့မွှေးလာပြီဆိုလျှင် ဆိတ်သားထည့်ပါ။ ဆိတ်သားအပေါ်ယံတင်းလာပြီဆိုလျှင် ကုလားပဲ ထည့်ပါ။

၅။       ရေထည့်ပါ။ အရသာမှာ လိုအပ်သလိုထည့်ပေးပါ။ အဖုံးအုပ်ပြီး နူးလာသည်အထိ ချက်ပေးပါ။

၆။       ဆိတ်သားလည်း နူးပြီ၊ ပဲလည်း နူးပြီ၊ ရေကျန်ဆီပြန်အနေအထားရပြီဆိုလျှင် သုံးဆောင်နိုင်ပါပြီ။

Facebook Comments