ဆိတ်သားဒိန်ချဉ်နှပ် (Mutton Curry)

by Sofia for Food Magazine

          ဆိတ်သားဟင်း ကောင်းကောင်းချက်ဖို့ အရေးကြီးဆုံးက အညှီနံ့ပျောက်အောင် လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။ တစ်ခါတစ်ခါမှာ ဆိတ်သားရဲ့  ညှီတဲ့အနံ့ကြောင့် အနားကို မကပ်နိုင်တဲ့ ဟင်းတွေလည်း ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဆိုဖီယာရဲ့ ဆိတ်သားနှပ်ချက်နည်းလေးနဲ့ ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ဆိတ်သား  –  ၁ ကီလို

ကြက်သွန်ကြော်  –  ၁၀ဝ ဂရမ်

ဒိန်ချဉ်  –  ရေနွေးပန်းကန်လုံး ၁ လုံး

ရှလကာရည်/မန်ကျည်းမှည့်ရည်  –  ရေနွေးကြမ်းခွက် ၁ ခွက် (ဆေးရန်)

ချင်း၊ ကြက်သွန်ဖြူ  –  ၂ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ  –  ၁၀ ကျပ်သား

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

ဇီရာ  –  ၁ ဇွန်း

နံနံပင်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဆိတ်သားကို လိုသလိုလှီးဖြတ်၍ ရှလကာရည် (သို့) မန်ကျည်းမှည့်ရည်ဖြင့် နယ်ပြီး အနည်းဆုံး မိနစ် ၃၀ ခန့် ထားပါ။ အညှီနံ့ပျောက်စေဖို့ပါ။ ပြီးလျှင် ရေစင်အောင်ဆေးပါ။

၂။       ကြက်သွန်ကြော်၊ ဒိန်ချဉ်၊ ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်၍ သမအောင်မွှေပြီး အရသာဝင်အောင် ၁၅ မိနစ်ခန့် နှပ်ထားပါ။ (ဆိုဖီယာကတော့ အတုံး ကြီးကြီးချက်တဲ့အခါကျရင် တစ်ရက်ကြိုနှပ်ထားပါတယ်။ အတုံးကြီးချက်တဲ့ အသားဟင်း တိုင်းကိုလည်း ဒိန်ချဉ်သုံးပါတယ်။ ဒိန်ချဉ်ကြောင့် ဟင်းရဲ့အရသာ ပိုကောင်းသလို အမြန်လည်း နူးအိပါတယ်။ အသားများ ကြေသွားခြင်းလည်း မရှိနိုင်လို့ပါ။)

၃။       အိုးထဲ ဆီထည့်ပြီး အပူပေးကာ နှပ်ထားသည့်အသားကို ထည့်ကြော်ပါ။ အသားမှ ထွက်လာ သောအရည်များ ခန်းသည်အထိ ကြော်ပါ။

၎။       ပြီးလျှင် ရေအနည်းငယ်စီ ထည့်ပြီး အသားနူးသည်အထိ မီးအသေးဆုံးဖြင့် တည်ပါ။ မကြာမကြာ မွှေပေးပါ။

၅။       အသားနူးလာပါက ဇီရာမှုန့်ထည့်၍ သမအောင်မွှေပြီး ဆီပြန်လာအောင် ထားပါ။

၆။       အသားနူးအိပြီး ဆီပြန်လာပါက နံနံပင်အုပ်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။ နှစ်သက်ပါက ဟင်းအိုးချခါနီးမှာ ကြက်သွန်နီ ခပ်ထူထူအကွင်းများ လှီးထည့်ပေးနိုင်ပါတယ်။

Facebook Comments