ဆယ်လမွန်ငါးကင်ပါစတာ

by Ko Thit Htoo for Food Magazine

          ဒါလေးကို စိတ်ကူးကွန့်မြူးပြီး ချက်လိုက်ပါတယ်။ ငါးကင်လေးနဲ့ စားနေကျ Aglio e Olio Pasta ပုံစံ အနီးစပ်ဆုံး ပြင်ဆင်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

ဆယ်လမွန်ငါး  –  ၁ တုံး (၂ ပိုင်း ပိုင်းထားပါ)

စပါဂတီပါစတာ  –  ၂၅၀ ဂရမ် ၁ ထုပ်

(ရေနွေးဆူဆူမှာ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက် ခတ်ပြီး အထုပ်ပေါ်မှာ ညွှန်ကြားချက်ထက် ၃ မိနစ် ပိုပြုတ်ထားပါ)

ကြက်သွန်ဖြူ (စဉ်းပြီး)  –  ၄ မြွှာ

သံလွင်သီး (စဉ်းပြီး)  –  ၁၀ လုံး

သံလွင်ဆီ  –  အနည်းငယ်

နှစ်သက်ရာ ဝိုင်ဖြူ  –  အနည်းငယ်

အော်ရီဂါးနိုး  –  အနည်းငယ်

ဆား/ငရုတ်ကောင်း  –  အနည်းငယ်စီ (ငါးအရသာသွင်းရန်နှင့်နောက်ဆုံးဖြူးပေးရန်)

ငရုတ်သီးအကျက်မှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဆယ်လမွန်ငါးကို ဆား၊ ငရုတ်ကောင်း အနည်းငယ်စီ နှံ့အောင်ပွတ်ပေး၍ မကပ်တဲ့ဒယ်အိုးပြားမှာ  အရေခွံဘက်က အရင်မှောက်ပြီး အရေခွံကြွပ်လာသည်အထိ ကင်ပေးပါ။ ကျန်တစ်ဖက် ကိုလည်း ကင်ပေးပါ။

၂။       ဆယ်လမွန်ငါးတုံးများကျက်လျှင် ဖယ်ထားပြီး အိုးထဲကို ကြက်သွန်ဖြူ၊ သံလွင်သီးများထည့်ပြီး နွမ်းသွားရုံ မွှေပေးပါ။ ဝိုင်ဖြူထည့်ပါ။

၃။       စပါဂတီပါစတာပြုတ်ပြီးသားများနှင့် ကျန်ပါဝင်ပစ္စည်းများထည့်မွှေပေးပြီး ပန်းကန်မှာပြင်ဆင်၍ ကင်ပြီးသား ငါးတုံးများကို အပေါ်ဆုံးမှတင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments