ဆမ်းဒစ်ခ်ျအွန်တို့စ်

by Meemeetofu for Food Magazine

            မြန်မာတို့အဖို့ နံနက်ခင်းစာကို မုန့်ဟင်းခါးလေးနဲ့ စလိုက်ရမှ စိုပြည်သလို ရှိပေမယ့် တစ်ခါတစ်ရံ  အပြောင်းအလဲလေးအနေနဲ့ ဆာဒင်းအွန်တို့စ်လေး လုပ်စားကြည့်ရအောင်နော်။ ပေါင်မုန့်မီးကင်စက်လေးရှိရင် အလွန်လွယ်ကူမြန်ဆန်စွာ လုပ်နိုင်တဲ့ နံနက်ခင်းစာလေးပါ။ စက်မရှိသူများကလည်း ဒယ်အိုးပြားထဲမှာ ပေါင်မုန့်ြွကပ်လာအောင် အိုးကင်းပူ တိုက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးသေတ္တာ  –  ဘူးသေး ၁ ဘူး

မရောနိစ်  –  ထမင်းစားဇွန်း  ၂ ဇွန်း

ခရမ်းချဉ်သီး  –  ၂ လုံး  (မထူမပါး အကွင်းလေးများ လှီးထားရန်)

ဆလတ်ရွက်   –  ၅ ရွက်ခန့် (အရိုးများ ဖယ်ထားရန်)

ပေါင်မုန့်  –  ၈ ချပ်

ပြုလုပ်နည်း

၁။  ငါးသေတ္တာဘူးထဲမှ  ငါးအသားတုံးများကိုသာ ယူပြီး ခြေထားပါ။

၂။  ကြေသွားတဲ့အခါ မရောနိစ်နဲ့ သမသွားအောင် ရောနယ်ပေးပါ။

၃။  ပေါင်မုန့်အချပ်တွေကို ပေါင်မုန့်မီးကင်တဲ့ တို့စတာထဲမှာကြွပ်သွားအောင် ကင်ပါ။

၎။  ပေါင်မုန့်အချပ်တွေပေါ်မှာ ငါးနဲ့မရောနိစ် အရောကို ဖြန့်သုတ်ပေးပါ။ အသီးအရွက် ကြိုက်လျှင် ခရမ်းချဉ်သီးနှင့် ဆလတ်ရွက်တို့ကို ထည့်နိုင်ပါတယ်။

၅။  နောက် မီးကင်ထားတဲ့ ပေါင်မုန့်တစ်ချပ် အုပ်ပေးပြီးလျှင် ပေါင်မုန့်ြွကပ်နေဆဲမှာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments