စတော်ဘယ်ရီ အသည်းပုံ ပူတင်း (Strawberry Heart Shape Pudding)

by Syi Lwin Foods Garden for Food Magazine

          စတော်ဘယ်ရီ ချစ်သောသူများအတွက် အလွယ်တကူနဲ့ လျင်မြန်စွာ လုပ်စားလို့ ရမယ့် ပူတင်းလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၂ ဦးစာ)

စတော်ဘယ်ရီသီးမှည့်  –  ၅ လုံး (အသီးကို လက်ဖြင့် ခြေထည့်ပါ)

ကြက်ဥ  –  ၂ လုံး

သကြား  –  စားပွဲဇွန်း ၂ ဇွန်း (သကြားကို လှော်ထားပါ)

ကိတ်မှုန့်ဂျုံ  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

နွားနို့  –  ၁/၂ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

နို့စိမ်း  –  စားပွဲဇွန်း ၂ ဇွန်း

စတော်ဘယ်ရီသီး  –  ၃ လုံး (ပူတင်းပေါ်တင်ရန် ခပ်ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

၁။       ဖျော်ရည်ဖျော်တဲ့ စက်ထဲ ပူတင်းပေါ်တင်ရန် စတော်ဘယ်ရီဖတ်များမှလွဲ၍ ကျန်ပစ္စည်းများ အားလုံးထည့်ပြီး မွှေပါ။

၂။       အပူခံနိုင်သော တစ်ယောက်စာ ကြွေခွက်ထဲ ရောမွှေထားသော အရည်များ လောင်းထည့်ပါ။ ပြီးလျှင် စတော်ဘယ်ရီအဖတ်လေးများ ထည့်ပါ။

၃။       အိုးအကြီးထဲ ပူတင်းအနှစ်ရည် ထည့်ထားသောခွက် ထည့်ပါ။ အပေါ်မှ စတော်ဘယ်ရီ အဖတ်များတင်ပြီး ရေနွေးအပူကို ပူတင်းခွက် တစ်ဝက်လောက်ရောက်သည်အထိ ထည့်ပါ။ အိုးအဖုံး ဖုံးပြီး ဆူအောင်တည်ပါ။ နှစ်ထပ်ပေါင်းအိုးနှင့်လည်း ပေါင်းလို့ရပါတယ်။

၎။       ပူတင်းကို တင်းတင်းလေးကြိုက်လျှင် ၈ မိနစ်ခန့် တည်ပါ။ အပေါ်ယံတင်းပြီး မွှေးလာလျှင် ပူတင်းခွက်ကို ရေနွေးအိုးထဲမှ ဆယ်ယူပါ။ တစ်ယောက်စာခွက်နဲ့ လုပ်ထားတာကြောင့် ဒီအတိုင်း ပန်းကန်ပြားလေးခံပြီး ဇွန်းတပ်စားလို့ရပါပြီ။ ချောကလက်မှုန့်လေးဖြူး၍ စတော်ဘယ်ရီတင်ပြီး အလှဆင်လို့ရပါတယ်။ ကြိုက်နှစ်သက်ရာ ရေခဲမုန့်နဲ့ တွဲစားလျှင်လည်း အရမ်းလိုက်ဖက်ပါတယ်။

Facebook Comments