စတော်ဘယ်ရီရေခဲမုန့်

စတော်ဘယ်ရီရေခဲမုန့်

            ရေခဲမုန့်စက်လုံးဝသုံးမထားတဲ့ အိမ်လုပ်ရေခဲမုန့်ပါ။ စက်နဲ့လုပ်တဲ့ ရေခဲမုန့်လောက်တော့ မနူးညံ့လှပါဘူး။ ကိုယ်တိုင်ကလည်း သိပ်နူးညံ့တဲ့ အရသာကိုမကြိုက်တာကြောင့် ဒီလုပ်နည်းကိုတော့ တော်တော်သဘောကျမိပါတယ်။ အိမ်လုပ်ဆိုတော့ အချိုကိုလည်း မိမိကြိုက်သလို အလျော့အတိုး လုပ်နိုင်ပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   စတော်ဘယ်ရီ   –   ၅၅ဝ ဂရမ်

♦   နို့ဆီ   –   ၂၅ဝ ဂရမ်

♦   ထောပတ်   –   စားပွဲဇွန်း ၁ ဇွန်းခွဲ

♦   Whipping Cream   –   ၃ဝဝ ဂရမ်

►   ပြုလုပ်နည်း

၁။        စတော်ဘယ်ရီကို ရေစင်စင်ဆေးထားပြီး နို့ဆီ၊ ထောပတ်ကိုရောထည့်ကာ ကြိတ်ထားပါ။

၂။        Whipping Cream ကို ဖြူးပြီး တောင့်လာအောင်မွှေပြီး ကြိတ်ထားတဲ့ စတော်ဘယ်ရီအရောကို ထည့်မွှေပါ။

၃။        ဘူးထဲထည့်သိမ်း ၆ နာရီလောက် အအေးခံပြီးရင် စားလို့ရပါပြီ။

၎။        အိမ်လုပ်စတော်ဘယ်ရီယိုချိုချဉ်လေးနဲ့ တွဲစားလည်းအင်မတန်မှ လိုက်ဖက်ပါတယ်။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments

Menu