စတော်ဘယ်ရီကိတ်ပူတင်း (Strawberry Cake Pudding)

by Syi Lwin Foods Garden for Food Magazine

          စတော်ဘယ်ရီကိတ်ပူတင်းက လုပ်စားရတာ လွယ်ကူပြီး အချိန်တိုတိုအတွင်း အချိုပွဲတစ်ပွဲလုပ်စားသလို စားရတာ အဆင်ပြေစေတာကြောင့် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၁ ယောက်စာ)

ကြက်ဥ  –  ၁ လုံး (အလုံးကြီး)

သကြားညို  –  စားပွဲဇွန်း ၁ ဇွန်း (အချိုကြိုက်လျှင် ထပ်ထည့်ပါ)

ဗနီလာရည်  –  ၂ စက်

ကိတ်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

စတော်ဘယ်ရီသီးမှည့်  –  ၂ လုံး (အသီးကို လက်ဖြင့် ခြေထည့်ပါ)

ဆား  –  အနည်းငယ်

နွားနို့  –  ၁/၂ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

စတော်ဘယ်ရီသီး  –  ၁ လုံး (ပူတင်းပေါ်တင်ရန် ခပ်ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

၁။       ခွက်အကြီးထဲ စတော်ဘယ်ရီဖတ်များမှလွဲ၍ ကျန်ပစ္စည်းများအားလုံးထည့်ပြီး ခလောက်တံဖြင့် မွှေပါ။

၂။       အပူခံနိုင်သော ၁ ယောက်စာ ကြွေခွက်ထဲမှ ရောမွှေထားသော အရည်များ လောင်းထည့်ပါ။ ပြီးလျှင် စတော်ဘယ်ရီအဖတ်လေးများ ထည့်ပါ။

၃။       အိုးအကြီးထဲ ပူတင်းအနှစ်ရည် ထည့်ထားသောခွက် ထည့်ပါ။ အပေါ်မှ စတော်ဘယ်ရီအဖတ်များ တင်ပြီး ရေနွေးအပူကို ပူတင်းခွက် တစ်ဝက်ခန့်ရောက်သည်အထိ ထည့်ပါ။ အိုးအဖုံး ဖုံးပြီး ဆူအောင်တည်ပါ။

၎။       ပူတင်းကို တင်းတင်းလေးကြိုက်လျှင် ၈ မိနစ်ခန့် တည်ပါ။ အပေါ်ယံတင်းပြီး မွှေးလာလျှင် ပူတင်းခွက်ကို ရေနွေးအိုးထဲမှ ဆယ်ယူပါ။ ၁ ယောက်စာခွက်နဲ့ လုပ်ထားတာကြောင့် ဒီအတိုင်း ပန်းကန်ပြားလေးခံပြီး ဇွန်းတပ်စားလို့ရပါပြီ။ ချောကလက် မှုန့်လေးဖြူးပြီး စားခါနီး အလှဆင်လို့ရပါတယ်။ ကြိုက်နှစ်သက်ရာ ရေခဲမုန့်နှင့် တွဲစားလျှင်လည်း လိုက်ဖက်ပါတယ်။

Facebook Comments