စားတော်ပဲပြုတ်နှင့် မျှစ်အာလူးအစပ်ကြော်

by Ko Thit Htoo for Food Magazine

          စားတော်ပဲပြုတ်နဲ့ မျှစ်ကြော်စားကြတဲ့ အလေ့အထမှာ အာလူးလေးပါထည့်ပြီး စပ်စပ်ကလေးချက်လိုက်တဲ့ ဟင်းလျာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူး  –  ၃ လုံး (စိတ်ပြီး)

မျှစ်  –  ပန်းကန်လုံး ၁ လုံး

စားတော်ပဲ  –  ပန်းကန်လုံး ၁ လုံး (ပြုတ်ပြီး)

ကြက်သွန်ဖြူ  –  ၃ မြွှာ

ငရုတ်သီး  –  ၆ တောင့်

ဆီ  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

အသီးအရွက် ဟင်းခတ်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပင်စိမ်း  –  ၃ ပင်

ပြုလုပ်နည်း

၁။       ဆီအိုးအပူပေး၍ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းများ ထောင်းပြီး ဆီသတ်ပါ။

၂။       အာလူးထည့်ပြီး အရောင်ကြည်လာသည်အထိ မွှေပါ။ မျှစ်ထည့်ကြော်ပါ။

၃။       ရေနွေးအနည်းငယ်ထည့်ပါ။ အသီးအရွက်ဟင်းခတ်မှုန့် တစ်ဝက်ထည့်ပြီး အာလူး နူးသည်အထိ တည်ထားပါ။ စားတော်ပဲပြုတ်များထည့်မွှေပြီး အရသာအတွက် ချိန်ဆပြင်ဆင်ကာ ပင်စိမ်းရွက်ခတ်ပြီး သမအောင်မွှေပေးပြီးလျှင် ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments