ငရုတ်သီးချိစ် အဆာသွတ် ဘေကွန်လိပ်ကင်

by My Foodies for Food Magazine

ပါဝင်ပစ္စည်းများ

ငရုတ်ပွအရှည် အနီ /အစိမ်း  –  ၃ တောင့်စီ

ချိစ်  –  စားပွဲဇွန်း ၃ ဇွန်း

ဘေကွန်  –  ၆ ချောင်း

သံလွင်သီး  –  ၆ လုံး

သွားကြားထိုးတံ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ငရုတ်သီးများကို တစ်ဖက်မှ ထက်ခြမ်းခွဲ၊ အူတိုင်နှင့် အစေ့များထုတ်ပြီး Cheese အဆာသွတ်ပါ။

၂။       အဆာသွတ်ပြီး ပြန်ပိတ်၍ အညှာဘက် အပေါက်ကို သံလွင်သီးတစ်ခုံးခံပြီး ပိတ်ပါ။ အပြင်မှ ဘေကွန်နှင့် ပတ်ကာ အစ ၂ ဖက်ကို သွားကြားထိုးတံများနှင့် သီပြီး ပိတ်ပါ။

၃။       Oven ကို ၂၃၀ ဒီဂရီအပူပေး၍ ၃၀ မိနစ် ခန့် ထည့်ကင်ပြီး နှစ်သက်ရာဆော့စ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments