ငှက်ပျောပေါင်း (Pressure Cooker)

ငှက်ပျောပေါင်း (Pressure Cooker)

          ကောက်ညှင်းမပါဘဲ ငှက်ပျောသီးသက်သက်သာ ပေါင်းစားချင်ရင်တော့ ဒီလိုလေး လုပ်စားနိုင်ပါတယ်။ ဖက်နံ့တသင်းသင်းနဲ့ ငှက်ပျောပေါင်း ချိုဆိမ့်အရသာနဲ့ တွဲဖက်ပြီး ရေနွေးကြမ်းလေးနဲ့ အင်မတန်မှ လိုက်ဖက်ပါ တယ်။

   ပါဝင်ပစ္စည်းများ (ငှက်ပျောထုပ် ၆ ထုပ်စာ)

♦   သကြား   –   စားပွဲဇွန်း ၃ ဇွန်း

♦   ဂျုံ   –   စားပွဲဇွန်း ၂ ဇွန်း

♦   အုန်းနို့   –   ၃ ဇွန်း

♦   အုန်းသီးဖတ်   –   အနည်းငယ်

♦   သီးမွှေးငှက်ပျောသီး (အသေး)    –   ၇ လုံး

♦   ဝါးရွက်   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ဝါးရွက်များကို ရေနွေးပွက်ပွက်ဆူနှင့် အရင်စိမ်ထားပါ။

၂။      ငှက်ပျောသီးကို သကြားနှင့်ရောပြီး ခြေပါတယ်။ ဂျုံ၊ အုန်းနို့၊ အုန်းသီး ဖတ်များနှင့် ဆားနည်းနည်း ထည့်နယ်ပါ။ အချိုကြိုက်လျှင် သကြား ထပ်ထည့်နိုင်ပါတယ်။

၃။      ဝါးရွက်ထဲ စားပွဲဇွန်း ၂ ဇွန်းခွဲခန့်ထည့်ကာ လုံအောင်ပြန်ပိတ်ပြီး ကြိုးစည်းပေးပါ။

၎။      Philip Multi Cooker က Steam Option ကို ရွေးပြီး ပေါင်းတဲ့ ဗန်းလေးပေါ်မှာတင်ကာ မိနစ် ၁၀ ပေါင်းပါ။ လုံးဝအေးမှ သုံးဆောင်ပါ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments