ငှက်ပျောသီး ချောကလက် အဆာသွတ်ကြော် (Corn Flake Banana Fritters)

by Sofia for Food Magazine

          ငှက်ပျောသီးကို ပုံစံအမျိုးမျိုးနဲ့ ကြော်ကြတဲ့အထဲက တစ်မူထူးခြားအရသာရှိလှတဲ့ ချောကလက် အဆာသွတ်ကြော်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

သီးမွှေးငှက်ပျောသီး  –  ၄ လုံး

ချောကလက်အစေ့ –   ၁ ဘူး

ဂျုံမှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

သကြား  –  ၁ ဇွန်း

ကြက်ဥ  –  တစ်ဝက်

ရေ (သို့) နွားနို့ –   အနည်းငယ်

Baking Powder  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

Corn Flake  –  ၁ ပန်းကန်

ဆီ  –  ကြော်ရန်

ပြုလုပ်နည်း

၁။       သီးမွှေးငှက်ပျောသီးကို အခွံနွှာပြီး ၅ ပိုင်းမှ ၇ ပိုင်း အနေအထား စိတ်ထားပါ။

၂။       အအေးသောက်တဲ့ ပိုက်တစ်ချောင်းနဲ့ ငှက်ပျောသီးရဲ့အလယ်ကို အပေါက်ဖောက်ပါ။

၃။       ချောကလက်အစေ့ ၂ စေ့စီကို အပေါက်ဖောက်ထားသော ငှက်ပျောသီးအတွင်း ထည့်ပါ။ ချောကလက် အစေ့မရပါက လိုသလို ဓားဖြင့် စိတ်ပြီး ထည့်နိုင်ပါတယ်။

၎။       ပန်းကန်တစ်ချပ်မှာ ဂျုံ၊ ကြက်ဥ၊ သကြားနှင့် Baking Powder တို့ကို နို့ (သို့) ရေဖြင့် မပျစ်မကျဲ ဖျော်ထားပါ။

၅။       Corn Flake ကို ကြေအောင် လက်ဖြင့် ဖိခြေထားပါ။

၆။       အားလုံးအသင့်ဖြစ်ပါက ချောကလက်ထည့်ပြီးသား ငှက်ပျောသီးကို မုန့်နှစ်ရည်မှာနှစ်ပြီး Corn Flake မှာထည့်ပြီး ကပ်ပေးပါ။

၇။       အားလုံးပြီးသွားပါက ဆီအိုးတည်ပြီး ဆီပူပူမှာ ၂ မိနစ်မှ ၃ မိနစ်အထိ အရောင်ရအောင် ကြော်ပြီး ဆယ်ယူ၍ ပန်းကန်ထဲထည့်ကာ ချောကလက်ဆော့စ်ဖြင့် သော်လည်းကောင်း၊ ရေခဲမုန့်ဖြင့် တွဲဖက်၍သော် လည်းကောင်း တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments