ငါး အာလူးမှုန့်ဟင်းထုပ် (Fish with Mash Potato Powder Parcel)

by Syi Lwin (Foods Garden) for Food Magazine

          ဟင်းထုပ်ကို ကိုယ်ကြိုက်နှစ်သက်ရာ တောက်တောက်စဉ်းထားတဲ့ အသား၊ ငါး များဖြင့် အလွယ်တကူ ထုပ်စားလို့ရအောင် ပြန်ရှယ်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

ဆန်မှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

အာလူးမှုန့်  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ကြက်သွန်မြိတ်  –  ၃ ပင် (ခပ်ပါးပါးအကွင်း လှီးထားပါ)

တောက်တောက်စဉ်းထားသောငါး  –  ၁၅ ကျပ်သား

ကြက်သွန်ဖြူ  –  ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

နေကြာဆီ  –  စားပွဲဇွန်း ၁ /၂ ဇွန်း

ရေ  –  စားပွဲဇွန်း ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ငှက်ပျောရွက်  –  လိုသလောက် (လက်တစ်ဝါးအရွယ် အရှည်လှီးထားပါ)

ပြုလုပ်နည်း

၁။       မကပ်သောဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ ပြီးလျှင် ငါးကို ထည့်မွှေပါ။ ပြီးလျှင် ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး သေချာနှံ့အောင် မွှေပါ။ ငါးကျက်လျှင် အအေးခံထားပါ။

၂။       ဇလုံထဲ ဆန်မှုန့်၊ အာလူးမှုန့်၊ ကြက်သွန်မြိတ်နှင့် ရေတို့ကို ထည့်ရောပြီး သေချာနှံ့အောင်မွှေပါ။ နယ်ရင်း စေးလာလျှင် ကြက်သွန်ဖြူနှင့် ငါးကြော်တို့ကို ထည့်ရောပြီး ဆန်မှုန့်များနှင့် သေချာ အားလုံးအရသာများ စေးလာလျှင် ရပါပြီ။

၃။       ငှက်ပျောရွက်ကို ၂ ရွက် ထပ်ပြီးလျှင် ဆီ အနည်းငယ်သုတ်ပါ။ ငှက်ပျောရွက်ထဲသို့ စားပွဲဇွန်း ၁ ဇွန်းဖြင့် ငါးဆန်နယ်အနှစ်ကို ခပ်ထည့်ပြီး ငှက်ပျောရွက်ကို စမူဆာခေါက်သောပုံစံမျိုး ခေါက်ပြီး အိုးထဲသို့ မိနစ် ၃၀ – ၄၅ မိနစ်လောက် ပေါင်းပါ။ ပြီးလျှင် ငရုတ်သီးကြော်၊ ဂျူးမြစ်တို့ဖြင့် တွဲစားလျှင် လိုက်ဖက်ပါတယ်။

 

Facebook Comments