ငါးကြင်း၊ ပုစွန်ထုပ်၊ ဒန့်သလွန်သီးချက်နှင့် ငါးပိထောင်း၊ တို့စရာစုံ

Ko Sunny_5

Ko Sunny_3

Ko Sunny_2

Ko Sunny_4

     ဒီလအတွက် ဟင်းလျာအသစ်လေးတွေနဲ့ မိတ်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ နောက်ထပ်ဟင်းလျာအတွဲလေး တစ်မျိုးကတော့ ကျွန်တော့်ရဲ့ အစီအစဉ်အသစ်ဖြစ်တဲ့ ‘အခု ချက်အခုစား ဟင်းလျာများ’ထဲက ‘ငါးကြင်း၊ ပုစွန်ထုပ်၊ ဒန့်သလွန်သီးချက်နှင့် ငါးပိထောင်း၊ တို့စရာစုံ’ အတွဲလေးပါပဲ။ ငါးကြင်းနဲ့ ရေချိုပုစွန်ထုပ်ကို ရောပြီးချက်ရင် ပိုပြီးအရသာ ထူးတာမို့ ဒန့်သလွန်သီး၊ ရုံးပတီသီးတို့နဲ့ အားဖြည့်ထားတဲ့ ထူးခြားတဲ့ မြန်မာ့ဟင်းလျာစစ်စစ်လေးပေါ့။ မြန်မာ့ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေကိုပဲ သုံးပြီးချက်ထားတာမို့ ထမင်းဖြူလေးနဲ့ တွဲဖက်ပြီးတည်ခင်းမယ်ဆိုရင် ပိုပြီးထမင်းမြိန်စေမယ့် ငါးပိထောင်းနဲ့  တို့စရာလေးပါ တွဲဖက်ထားပါတယ်။ ထူးခြားတာက ငါးကြင်းကို အရိုးထုတ်၍ အသားလွှာပြီး ချက်တာဆိုတော့ စားသုံးတဲ့အခါ အားရပါးရရှိပြီး ဒန့်သလွန်သီးကို နူးအောင်ချက်၍ ရုံးပတီသီးကိုတော့ စိမ်းစိမ်းလေးအုပ်ချက်ထားတာပါပဲ။ ကဲ ရိုးရှင်းပြီး အရသာထူးခြားတဲ့ မြန်မာ့ ရိုးရာဟင်းလျာလေးကို စချက်ကြရအောင် . . . ။ ညှော်ကြမယ်ဗျို့  . . .  !!!!!

►    ငါးကြင်းပုစွန်ထုပ်ဒန့်သလွန်သီးချက် ပါဝင်ပစ္စည်းများ

♦   ငါးကြင်း   –   ၂၅ ကျပ်သား

♦   ပုစွန်ထုပ်   –   ၅ ကောင်

♦   ဆား    –    အနည်းငယ်

♦   နနွင်းမှုန့်    –    ၂ ဇွန်း

♦   ပဲဆီသန့်    –    ၅ ဇွန်း

♦   စပါးလင်   –  ၂ ပင်

♦   ကြက်သွန်နီ   –   ၂ လုံး

♦   ကြက်သွန်ဖြူ    –  ၁ဝ တက်

♦   ချင်း   –   အနည်းငယ်

♦   ငရုတ်ပွခြောက်   –    ၅ တောင့်

♦   ခရမ်းချဉ်သီး   –   ၃ လုံး

♦   ဒန့်သလွန်သီး   –   ၃ တောင့်

♦   ငါးငံပြာရည်   –   ၁ ဇွန်း

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   နံနံပင်   –    အနည်းငယ်

♦   ရုံးပတီသီး   –   ၅ တောင့်

♦   ငရုတ်သီးစိမ်း   –   ၅ တောင်း

♦   ရေသန့်   –   အနည်းငယ်

►    ငါးကြင်းပုစွန်ထုပ်ဒန့်သလွန်သီးချက် ချက်ပြုတ်ပုံအညွှန့်

၁။ ငါးကြင်းကို အရိုးထုတ် အသားလွှာပြီး ဆား၊ နနွင်း၊ ငါးငံပြာရည်တို့နှင့် အရသာသွင်းပါ။

၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်ပွခြောက်တို့ဖြင့် ဟင်းအနှစ်ထောင်းပါ။

၃။ အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ နနွင်းမှုန့်၊ စပါးလင်၊ ဟင်းအနှစ်တို့ကို ဆီသတ်ပြီး ခရမ်းချဉ်သီးထည့်ပါ။

၎။ အနှစ်ကျက်လျှင် အရသာသွင်းထားသော ငါးကြင်းနှင့် ပုစွန်ထုပ်ကိုထည့်ပါ။

၅။ ဆီပြန်လျှင် ရေသန့်အနည်းငယ်ထည့်၍ ဒန့်သလွန်သီးထည့်ပါ။

၆။ ငါးကြင်းနှင့် ပုစွန်ထုပ်ကျက်လျှင် ရုံးပတီသီး၊ နံနံပင်၊ ငရုတ်သီးစိမ်းအုပ်၍ သုံးဆောင်နိုင်ပါသည်။

►    ငါးပိထောင်းတို့စရာပါဝင်ပစ္စည်းများ

♦   ကြက်သွန်ဖြူ    –   ၅ တက်

♦   ငရုတ်သီးစိမ်း   –   ၅ တောင့်

♦   မျှင်ငါးပိ   –   ၂ ဇွန်း

♦   မုန်လာဥနီ  –   ၁ လုံး

♦   မုန်လာဥဖြူ    –   ၁ လုံး

♦   သခွားသီး   –  ၂ လုံး

♦   ခရမ်းသီးငယ်   –    ၅ လုံး

♦   ခရမ်းကြွပ်သီး –  ၅ လုံး

♦   ပဲတောင့်ရှည်   –   ၃ တောင့်

►    ငါးပိထောင်းတို့စရာစုံ ချက်ပြုတ်ပုံအညွှန်း

၁။   ပုစွန်ထုပ်ကို သန့်စင်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ပွခြောက်တို့ကို ကျေညက်စွာ ထောင်းပါ။

၂။   အိုးထဲသို့ ဆီ၊ ငရုတ်သီးအနှစ်၊ နနွင်းမှုန့်တို့ဖြင့် ဆီသတ်ပြီး သန့်စင်ထားသော ပုစွန်ထုပ်ကိုထည့်ပါ။

၃။   သခွားသီး၊ ခရမ်းကြွပ်သီးကိုလှီး၍ ရေခဲရေဖြင့်စိမ်ပါ။

၎။   အသင့်ပြုတ်ထားသော ပဲတောင့်ရှည်ကို အတုံးလေးများဖြတ်၍ အခြားတို့စရာတို့ ဖြင့် တွဲဖက်ပြီး ငါးပိထောင်းနှင့် အလှဆင်တည်ခင်းနိုင်ပါသည်။

Sunny Angelo

Facebook Comments