ငါးခြစ်ကုလားပဲလုံး (ဗယာ)ကြော်သုပ် (Yellow Split Pea & Pound Fish Ball Fried Salad)

by Syi Lwin Foods Garden for Food Magazine

          ဟင်းကောင်းတစ်ခွက်အတွက် စဉ်းစားရ၊ ချက်ဖို့အချိန်ပေးရနဲ့ အဲဒီအထဲ ဆီပြန်ဟင်းပဲ နေ့စဉ်ချက်မယ်ဆိုရင် အိမ်ရှိစားတဲ့သူလည်း ငြီးငွေ့လာတတ်ကြပါတယ်။ စည် တီထွင်ထားတဲ့ အသစ်အဆန်းငါးအရသာနဲ့ ကုလားပဲမှုန့်ဖြင့် အတူတွဲပြီး ပြုလုပ်ထားတဲ့ ငါးဗယာကြော်ကို ကြွပ်ရွလေး ချဉ်စပ်သုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ငါးခြစ်  –  ၂၀ ကျပ်သား

ဗယာကြော်မှုန့်

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးစိမ်း/နီ  –  ၃ တောင့် (မီးခြစ်ဆံမျှင် အရှည်လှီးထားပါ)

မြေပဲ  –  စားပွဲဇွန်း ၅ ဇွန်း (ဆီဖြင့် ကြော်ထားသော မြေပဲ)

ပူဒီနာ  –  ၁ စည်း (အရွက်များ ခြွေထားပါ)

ကုလားပဲမှုန့်အကျက်  –  စားပွဲဇွန်း ၁ ဇွန်း

ထမင်း  –  ၁၊ ၂ ခွက်

အုပ်စု (က)

နေကြာဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း  (လိုလျှင် ထပ်ထည့်ပါ)

ကြက်သွန်နီ  –  ၁ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (ပါးပါးလှီးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

စိမ်းစားငါးပိ  –  စားပွဲဇွန်း ၁ ဇွန်း

မရန်းသီးစိမ်း  –  ၁၅ ကျပ်သား (အစေ့ထုတ်ပြီး  ပါးပါးလှီးထားပါ)

ငါးခြောက်  –  ၂ ကျပ်ခွဲသား  (ခပ်သေးသေးအပိုင်းများ ပိုင်းထားပါ)

ပြုလုပ်နည်း

၁။       မကပ်သော အကြော်အိုးထဲ ဆီထည့်ပါ။ ဆီပူလာလျှင် အုပ်စု (က) မှ  ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် နနွင်းမှုန့်တို့ကို ဆီသတ် ပါ။ နွမ်းလာလျှင် အုပ်စု (က) မှ ကျန်ပါဝင်ပစ္စည်းများ ထည့်ပြီး နှံ့အောင် မွှေပါ။

၂။       အားလုံးမွှေပြီး  ရွှေရောင်သန်းလာလျှင် ငါးခြောက်ထည့်ပါ။ ၂ မိနစ်ခန့် တည်ပါ။ မရန်းသီးနွမ်းလာလျှင် ရပါပြီ။

၃။       ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ ထမင်းပူပူထဲ မရန်းသီးကြော်ကို လိုသလောက် ထည့်ပါ။ ပြီးလျှင် ကျန်ပါဝင် ပစ္စည်းများထည့်ပြီး လက်ဖြင့် သေချာမွှေပါ။ ဆားမြည်းပြီး လိုတာ စိတ်တိုင်းကျထည့်၍ သုပ်ပါ။ ချက်ချင်းသုံးဆောင်လျှင် ပိုကောင်းပါတယ်။

Facebook Comments