ငါးခြောက်နှပ်

by Myint Oo Tha for Food Magazine

          အညာအလှူဟင်းလေး ဖြစ်ပါတယ်။ Food & Decor အစီအစဉ်မှာ  ကျွန်တော့်ညီမ ချက်ပြပေးတဲ့ ဟင်းဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ပါတယ်။ အခုအချိန်ထိ ကျွန်တော့်ရဲ့ Facebook မှာ ချက်နည်းလေးကို အမြဲပဲမေးနေကြတဲ့အတွက် Food Magazine မှာ ပြန်ရေးဖြစ်ခဲ့တာပါ။

ပါဝင်ပစ္စည်းများ

ငါးခြောက် (ငါးရောင်ခြောက်)  –  ၃၂၀ ဂရမ်

ကြက်သွန်နီ  –  ၃၀ဝ ဂရမ်

ကြက်သွန်ဖြူ  –  ၅၀ ဂရမ်

ထောပတ်  –  ၂၀ဝ ဂရမ်

အုန်းနို့  –  ၂၅၀ မီလီလီတာ

အုန်းသီးဖတ်  –  ၁၅၀ ဂရမ် (အုန်းသီးတစ်ခြမ်း)

မြေပဲလှော်  –  ၁၂၀ ဂရမ်

သစ်ကြံပိုးခေါက်  –  ၁ ချောင်း

ကရဝေးရွက်  –  ၂ ရွက်

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

နို့စိမ်း  –  ၁ ဘူး (၃၈၅ ဂရမ်)

ချင်း  –  ၂၅ ဂရမ်

ဆီ –  စားပွဲဇွန်း ၅ ဇွန်း

သကြား  –  အနည်းငယ်

ဆား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပထမဦးဆုံး ငါးခြောက်ကို ရေဆေးပြီးထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ၊ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ရောပြီး ထောင်းထားပါ။

၂။       ပြီးလျှင် ဒယ်အိုးတစ်လုံးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။ ထောပတ်လည်းထည့်ပါ။ ထောပတ်ပျော်ပြီး ဆီပူသည်နှင့် ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ထောင်းထားသောချင်း၊ ကြက်သွန်ဖြူကို ထည့်ပါ။ ပြီးလျှင် ဟင်းခတ်အမွှေးအကြိုင် ဖြစ်တဲ့ ကရဝေးရွက်၊ သစ်ကြံပိုး ခေါက်ထည့်ပါ။ အနံ့မွှေးလာသည်နှင့် ငါးခြောက်၊ အုန်းသီးဖတ်ထည့်ပြီး ဆက်ပြီးမွှေပါ။

၃။       ပြီးလျှင် အုန်းနို့နှင့် နို့စိမ်းထည့်မွှေပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ဆူလာသည်အထိ ဆက်ပြီး ချက်ပါ။ ဆူလာလျှင် မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ထည့်မွှေပါ။

၎။       ပြီးလျှင် ဆားနဲ့သကြားထည့်ပြီး ငါးခြောက်နူးလာသည်အထိ ဆက်ပြီး ချက်ပါ။

www.facebook.com/Myint Oo Tha

Facebook Comments