ငါးခေါက်ဆွဲဆီချက် (Fish Noodle Salad)

by Sofia for Food Magazine

ပြုလုပ်ရလွယ်ကူပြီး အရသာထူးခြားတဲ့ ငါးခေါက်ဆွဲဖတ်ပြုလုပ်နည်းကို သီးသန့်ဖော်ပြပြီးဖြစ်ပါတယ်။ ငါးခေါက်ဆွဲကို ဟင်းချိုဖြင့် တည်ခင်းနိုင်သလို ဆီချက်ခေါက်ဆွဲ ပုံစံဖြင့်လည်း တည်ခင်းသုံးဆောင်နိုင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ငါးခေါက်ဆွဲဖတ် –  ၁ ပွဲစာ

ကြက်သွန်ဖြူဆီချက် –  စားပွဲဇွန်း ၁ ဇွန်း

နှမ်းဆီချက် –  ၁ ဇွန်း

ပဲငံပြာရည် အကြည် –  ၁ ဇွန်း

ဆားရည် –  အနည်းငယ်

မြေပဲထောင်း –  ၁ ဇွန်း

ငါးအသား –  optional

ငရုတ်သီးဆီချက်

ကြက်သွန်မြိတ်၊ နံနံပင်

ကြက်သွန်နီကြော်

တွဲဖက်တည်ခင်းရန် အချဉ်

ပြုလုပ်နည်း

၁။       အသင့်ပြုလုပ်ပြီးသား ငါးခေါက်ဆွဲဖတ်ကို ရေနွေးဖြောပြီး ပန်းကန်ထဲထည့်ပါ။

၂။       ကြက်သွန်ဖြူဆီချက်၊ နှမ်းဆီချက်၊ ဆားရည်နှင့် ပဲငံပြာရည်အကြည်တို့ကို ထည့်ပြီး သမအောင် မွှေပါ။

၃။       ပြီးလျှင် အပေါ်မှငါးအသားကို သီးသန့်ထည့်လိုက ထည့်ပါ။ မြေပဲထောင်း၊ ငရုတ်သီး ဆီချက်နှင့် ကြက်သွန်မြိတ်၊ နံနံပင်၊ ကြက်သွန်နီကြော်တို့ကို ဖြူးပြီး နှစ်သက်ရာ အချဉ် ဟင်းချိုတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

Facebook Comments