ငါးအသားလွှာကင်နှင့် ပင်စိမ်းဆော့စ်

by Ko Thit Htoo for Food Magazine

          ငါးအသားလွှာကင်ကတော့ ရိုးရိုးရှင်းရှင်းလေး ကင်ပေးထား ပါတယ်။ ဆားလေး၊ ငရုတ်ကောင်းလေးနဲ့ပဲ ပြင်ဆင်ထားပါတယ်။ ပင်စိမ်းဆော့စ်ကတော့ မကြာခဏ ပြောပြပြီးသားဖြစ်တဲ့ ပင်စိမ်းအချိုနဲ့လုပ်တဲ့ ဆော့စ်လေးကို သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ

ကကတစ်ငါးအသားလွှာ  –  ၂ ခု

လီမွန်သီး  –  ၁ စိတ်

ကြက်သွန်ဖြူအရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းအမည်းမှုန့်  –  အနည်းငယ်

ထောပတ်  –  ထမင်းစားဇွန်း ၃ ဇွန်း

ပင်စိမ်းဆော့စ်  –  ထမင်းစားဇွန်း ၁ ဇွန်း

မုန်လာဥနီ  –  ၁ ဥ

ကညွတ်            –  ၆ ချောင်း

ပြုလုပ်နည်း

၁။       ငါးအသားလွှာများကို လီမွန်သီးနဲ့ နှံ့စပ်အောင်ပွတ်ပေးပြီး  ကြက်သွန်ဖြူအရည်နှင့် နှံ့အောင် သုတ်ပေးပါ။ ဆား၊ ငရုတ်ကောင်းကို မျက်နှာပြင် ၂ ဖက်စလုံး အညီအမျှ အရသာသွင်းပေးပါ။

၂။       မုန်လာဥနီနှင့် ကညွတ်ကို စိတ်ကြိုက်လှီးဖြတ်ပြီး ဆားအနည်းငယ် ခတ်ထားသော ရေနွေးဆူဆူမှာ ၄ မိနစ်စီ ပြုတ်ပြီး ရေအေးမှာ ပြောင်း၍ စိမ်ထားပါ။

၃။       ထောပတ် ၂ ဇွန်းကို ဒယ်အိုးမှာ အပူပေးပြီး ငါးအသားလွှာများကို တစ်ခုချင်းစီ အရေခွံရှိသောဘက်မှထည့်၍ အရေခွံညိုလာသည် အထိ ကင်ပေးပါ။ နောက်ဘက်တစ်ခြမ်းကိုလည်း ၃ မိနစ်ခန့် ကင်ပေးပါ။ တစ်ချိန်တည်းမှာ ရေအေးစိမ်ထားသော အသီးအရွက်များကို ဒယ်အိုးထဲ ဘေးဘက်မှထည့်ပေးပြီး အပူပေးပါ။

၎။       ပန်းကန်မှာ ပင်စိမ်းဆော့စ် အသီးအရွက်များနှင့် ငါးအသားလွှာကင်များကို ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments