ငါးရှဥ့်အရိုးပျောက်

ငါးရှဥ့်အရိုးပျောက်

            ငါးရှဥ့်အရိုးပျောက်ဆိုတာကို ချက်ကြဖို့ကို ခေတ်မီသူ အိမ်ရှင်မလှလှလေးတွေဟာ အရင်ကလို ခက်ခဲနေစရာ မလိုတော့ဘူးဆိုတာကို ရေးပြချင်ပါတယ်။ ငါးရှဥ့်ကိုင်အုံး၊ အရိုးထုတ်အုံး ဒါတွေဟာ အလွန်ကို စိတ်ရှုပ်စရာကောင်းလှမှာ အမှန်ပါပဲနော်။ ဒါဆိုရင် ဘာကြောင့် ကြောက်စရာ၊ လန့်စရာ၊ စိတ်ရှုပ်စရာ ကင်းတယ်လို့ မအိသက် က ပြောရပါသလဲနော်။ ဘာလို့ဆိုတော့လေ City Mart ရဲ့ Frozen Food တွေထားတဲ့ ကောင်တာနေရာမှာ သွားရှာလိုက်ရုံနဲ့ အရိုးထုတ်ပြီး သန့်စင်ပြီးသား ငါးရှဥ့်အသားလေးများကို သေချာစွာ ထုပ်ပိုးထားတာကို တွေ့ရမှာဖြစ်ပါတယ်နော်။ ကဲ ဒါဆိုရင် ငါးရှဥ့်ကိုင်ရမဲ့၊ အရိုးထုတ်ရမဲ့ ခက်ခဲတဲ့ အဆင့်ကို အိမ်ရှင်မလှလှလေးတွေ ကျော်လွှားပြီး ဖြစ်နေရပါပြီနော်။ အခုဆိုရင်တော့ ချက်တဲ့ပြုတ်တဲ့ အခန်းကဏ္ဍကို ရောက်လာပါပြီ။ ဒါဆိုရင် အသည်းစွဲစေမဲ့ ငါးရှဥ့်အရိုးပျောက်ချက်နည်းလေးကို ကြည့်လိုက်ကြရအောင် … ။

►   ပါဝင်ပစ္စည်းများ (တစ်ပွဲစာ)

♦   ငါးရှဥ့်အသား   –   ၅ဝဝ ဂရမ်

♦   နနွင်း   –   ၁ ဇွန်း (အချိုစားဇွန်း)

♦   အရောင်တင်မှုန့်  –   ၁ ဇွန်း (အချိုစားဇွန်း)

♦   ကြက်သွန်နီ   –   ၇ဝ ဂရမ် (အသေး ၃ လုံးခန့်)

♦   ကြက်သွန်ဖြူ   –   ၂ဝ ဂရမ် (အမြွှာကြီး ၁ မြွှာခန့်)

♦   ချင်း   –   ၅ ဂရမ်

♦   စပါးလင်   –   ၁ ချောင်း

♦   ပျဉ်းတော်သိမ်   –   ၁ဝ ရွက်ခန့်

♦   ဆား   –   ၂ ဇွန်း (အချိုစားဇွန်း)

♦   ငါးအသားမှုန့်   –   ၁ ဇွန်း (အချိုစားဇွန်း)

♦   ငရုတ်သီးအကြမ်းခွဲ   –   ၁ ဇွန်း (အချိုစားဇွန်း)

            ငါးရှဥ့်အသားလေးများကို အနေတော်အရွယ် ခပ်ရှည်ရှည်အချောင်းလေးများ လှီးဖြတ်ထားရပါမယ်။ နနွင်း အနည်းငယ်နှင့် ဆား ၁ ဇွန်းထည့်ပြီး နယ်ထားပေးပါ။

►   ပြုလုပ်နည်း

၁။        ကြက်သွန်နီကို ပါးပါးလှီးထားပေးပါ။ ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက်ထားပေးပါ။ စပါးလင်ကို ရိတ်ရိတ်ပါးပါး လှီးပေးပါ။

၂။        ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးကို နနွင်း၊ အရောင်တင်ထည့်ပြီး ချင်းနဲ့ စပါးလင်များပါ ထည့်ကာ ဆီသတ်ပေးရပါမယ်။

၃။        ဆားနှင့် ငါးအသားမှုန့်ကိုပါ ရောထည့်ပေးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကြော်ရင်းနဲ့ မွှေးလာပြီဆိုရင် ရွှေဝါရောင်သမ်းကာ ကြွပ်လာပြီဆိုရင် ငါးရှဥ့်အသားများပါထည့်ပြီး ရောပေးပါ။ ငါးရှဥ့်ကိုထည့်တဲ့အခါမှာ ငါးကထွက်တဲ့ အရည်ကြောင့် ကြက်သွန် အကြွပ်များက နူးအိသွားပါမယ်။ ငါးက ခဏလေးနဲ့ နူးလွယ်တာမို့ ခဏမျှလှိမ့်ပြီးရင် ဆီပြန်လာတာနဲ့ အရသာ အပေါ့အငန်မြည်းပြီး စိတ်ကြိုက်အနေအထားမှာ မီးပိတ်လိုက်လို့ ရပါပြီ။

၎။        ငါးရှဥ့်အရိုးပျောက်ဆီပြန်ဆိုတဲ့ အရသာရှိတဲ့ဟင်းလေးကို ချက်ဖို့ပါဝင်တဲ့ အမယ်အားလုံးကို City Mart တစ်နေရာထဲမှာ ဝယ်ယူနိုင်ပါတယ်ရှင်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments