
13 - July - 2018
by Myint Oo Tha for Food Magazine
ငါးမန်းသားရေသုပ်က မွန်ပြည်နယ်မှာ နာမည်ကြီးတဲ့ အသုပ်ပါ။ မော်လမြိုင်မှာ ကျွန်တော် ကျောင်းတက်ခဲ့စဉ်က မော်လမြိုင်အောက်ဈေးမှာရှိတဲ့ မုန့်ဟင်းခါးဆိုင်က ငါးမန်း သားရေသုပ်ကို အမြဲစားဖြစ်ခဲ့တယ်။ ကဲ… ဘယ်လိုသုပ်ရ သလဲဆိုတာ ကြည့်ကြရအောင်…။
ပါဝင်ပစ္စည်းများ
ငါးမန်းသားရေခြောက် – ၁၂၀ ဂရမ် (ရေစိမ်ထားပါ)
ဂေါ်ဖီ – ၁၂၀ ဂရမ် (ပါးပါးလှီးထားပါ)
ပဲပင်ပေါက် – ၇၀ ဂရမ်
ကြက်သွန်နီ – ၁၀ဝ ဂရမ် (ပါးပါးလှီးထားပါ)
ငရုတ်သီးမှုန့်အကျက် – စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူဆီချက် – စားပွဲဇွန်း ၄ ဇွန်း
မန်ကျည်းမှည့်ရည် – စားပွဲဇွန်း ၄ ဇွန်း
ငံပြာရည် – စားပွဲဇွန်း ၂ ဇွန်း
ရှောက်ဘီလူးရွက် – ၄ ရွက် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ရေစိမ်ထားတဲ့ ငါးမန်းသားရေကို နူးအောင်ပြုတ်ပါ။
၂။ ပြီးလျှင် ရေအေးမှာ ဆေးပါ။ ပြီးလျှင် မန်ကျည်းရည်နဲ့ နယ်ပြီး ရေအေးဖြင့် ၃-၄ ကြိမ် ဆေးထားပါ။
၃။ ပြုတ်ပြီး ဆေးထားတဲ့ ငါးမန်းသားရေကို ပါးပါးလှီးပြီး ဂေါ်ဖီ၊ ပဲပင်ပေါက်၊ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ မန်ကျည်း ရည်၊ ငံပြာရည်၊ ရှောက်ဘီလူးရွက်၊ ကြက်သွန်ဖြူဆီချက် တို့ကို ထည့်ပြီး နယ်ပါ။