ငါးဒန့်သလွန်ခြစ်ချက် (Grated Horseradhis and Ground Fish Curry)

by Syi Lwin Foods Garden for Food Magazine

          စည် သိပ်ကြိုက်တဲ့ ဟင်းတစ်ခွက်ပါ။ အားလုံးအတွက် ပြန်ရှယ်ထားပါတယ်။

ပါဝင်ပစ္စည်းများ

ငါးခြစ်  –  ၂၀ ကျပ်သား

ဒန့်သလွန်  –  ၅ ချောင်း (ထက်ခြမ်းခြမ်းပြီး ဇွန်းဖြင့် အသားများခြစ်ယူထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

နံနံပင်  –  ၅ ပင် (ခပ်ကြမ်းကြမ်းလေး ဖြတ်ထားပါ)

ချင်းရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသီးအရွက်ဆီ  –  လိုသလောက် (ငါးခြစ်ကြော်ရန်)

အုပ်စု (က)

ကြက်သွန်နီ  –  ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (ထောင်းထားပါ)

ချင်း  –  အနည်းငယ်

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပုစွန်ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂  ၁/၂ ဇွန်း

ငရုတ်သီးမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ခရမ်းချဉ်သီး  –  ၅ လုံး (အရှည်လိုက် ပါးပါးလှီးထားပါ)

နေကြာဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်နည်း

၁။       ငါးခြစ်ကို ဆား၊ ချင်းရည်၊ နနွင်းတို့ဖြင့် နယ်နှပ်ထားပါ။

၂။       ဇောက်နက်အကြော်အိုးထဲမှာ အသီးအရွက်ဆီကို ပူအောင်တည်ပါ။ ဆီပူလာလျှင် ငါးခြစ်ကို လက်မအရွယ် အလုံးလေးများ လုံးပြီး ဆီအိုးထဲ ထည့်ကြော်ပါ။ ရွှေရောင်သန်းပြီး ကြွပ်ရွနေလျှင် ဆီထဲမှ ဆယ်ယူပြီး ဆီစစ်ထားပါ။

၃။       ဟင်းချက်ရန် အိုးထဲ ဆီထည့်ပါ။ ဆီပူလာလျှင် အုပ်စု (က) ထည့်ပြီး ဆီသတ်ပါ။ အရောင်ပြောင်းပြီး မွှေးလာလျှင် ဒန့်သလွန်ခြစ်များအနှစ်ကိုထည့်ပြီး ဆီသတ်ပါ။  ဒန့်သလွန်အစိမ်းနံ့ပျောက်သည်အထိ တည်ပါ။ ရေလိုလျှင် နည်းနည်းလေး ထည့် ပေးပါ။

၎။       ဒန့်ဒလွန် ခရမ်းချဉ်သီးအနှစ်ထဲ ငါးခြစ်ကြော်လုံးများ ထည့်ပါ။ အနှစ်များနှင့် သေချာသမအောင်မွှေပြီး မီး အနေတော်နှင့် ရေအနည်းငယ်ထည့်ပြီး ရေဆူသည်အထိ တည်ပါ။ ရေအနည်းငယ်ခန်းပြီး ဆီအနည်းပြန် လာသည်အထိ ထားပါ။ ဆားမြည်းပြီး လိုတာ ထပ်ထည့်၍ ထမင်းဖြူဖြင့် စိတ်ကြိုက်စားသုံးလို့ရပါပြီ။

Facebook Comments