ငါးတန် ဆီးဖြူသီးချက်

by သစ်ထူး for Food Magazine

          ဒီချက်နည်းက ဝက်သားနဲ့ ချက်ကြတာများပါတယ်။ ကျွန်တော်က ဒီတစ်ခေါက် ဆီးဖြူသီးနဲ့ချက်ပါ့မယ်။ ငါးအဆီတွေဟာ ဦးနှောက်အတွက် အကျိုးပြုတဲ့ အဆီအမျိုးအစားဖြစ်ပေမယ့် အဆီဆိုတဲ့အတိုင်း အီလည်လည် အရသာဖြစ်တဲ့ သဘာဝရှိလို့ ချဉ်ချဉ်ဖန်ဖန် အရသာဆီးဖြူသီး၊ အချဉ်နည်းနည်းလေး ထပ်တိုးချင်လို့ မန်ကျည်းအနှစ်လေးပါ ထပ်ပေါင်းပြီး အအီပြေအောင် တီထွင်ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးတန်  –  ၃၀ ကျပ်သား

ဆား  – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

(အရသာနယ်ပြီး အနည်းဆုံး ၁ နာရီ အအေးခန်းမှာ နှပ်ထားပါ)

အနှစ်ထောင်းရန်

ကြက်သွန်နီ  –  ၂ ဥ

ကြက်သွန်ဖြူ  –  ၃ မြွှာ

ငရုတ်ခြောက်  –  ၁၀ တောင့်

နံနံပင်အမြစ်  –  ၄ ခု

ပျဉ်းတော်သိမ်အရွက်  –  ၅ ရွက်  (အားလုံးရောပြီး ထောင်းထားပါ)

ဆီးဖြူသီးချက်အတွက် ပါဝင်ပစ္စည်းများ

ဆီသတ်ရန်ဆီ  –  ထမင်းစားဇွန်း ၂ ဇွန်း

ခရမ်းချဉ်သီး  –  ၂ လုံး (စိတ်ပြီး)

မဆလာ  –  အနည်းငယ်

ဆီးဖြူသီး  –  ၆ လုံး

မန်ကျည်းနှစ်  –  ထမင်းစားဇွန်း ၂ ဇွန်း

ရှားနံနံ –  ၃ ပင်

ငရုတ်သီးစိမ်း ထက်ခြမ်းခွဲပြီး  –  ၅ တောင့်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဆီအိုးအပူပေးပြီး ထောင်းထားသော ဟင်းအနှစ်များကို ခြောက်ပြီး မွှေးလာသည်အထိ မွှေပေးပြီး ဆီသတ်ပါ။

၂။       အရသာနယ်ထားသော ငါးတုံးများထည့်ပေး၍ အသားမာလာသည်အထိ အိုးကို နည်းနည်းစီလှုပ်ပြီး မွှေပေးပါ။

၃။       ဆီးဖြူသီးများ ထည့်ပေးပါ။ ရေ  ၂၀ဝ မီလီလီတာထည့်ပေးပြီး အဖုံးအုပ်တည်ပေးပါ။

၎။       ရေခန်းပြီး ဆီပြန်လာလျှင် မန်ကျည်းနှစ်ထည့်ပြီး မွှေပေးပါ။ အရသာမြည်းပြီး လိုအပ်လျှင် ဆား၊ ငံပြာရည်တို့ဖြင့် ပြင်ဆင်ပါ။ မီးပိတ် ကျန်ပါဝင်ပစ္စည်းများအားလုံး ထည့်မွှေပေးပြီး ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments