ငါးခရုဆီ အချိုချက်

by Htet Family’s Creation for Food Magazine

          ငါးခရုဆီလေးက လွယ်လည်းလွယ်ပြီး စားလို့လည်းကောင်းလို့ ချက်နည်းလေး ရေးပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးတန်  –  ၄၅၀ ဂရမ်

ပဲငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ချင်း  –  လက်တစ်ဆစ်

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၄-၅ မြွှာ

ငရုတ်ပွ (အသေး)  –  ၂ တောင့်

ပန်းပွင့်  –  အနည်းငယ်

မုန်လာဥနီ  –  တစ်ဝက်

ဆား  –  အနည်းငယ်

သကြား –  အချိုဇွန်း တစ်ဝက်

အသားမှုန့်  –  အချိုဇွန်း ၁ ဇွန်း

ခရုဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ရှမ်းနံနံ  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ငါးလေးတွေကို အနေတော် လက်မအရွယ် အတုံးလေးတွေ တုံးထားပါ။

၂။       ကြက်သွန်နီကို အတုံးလေးများ လှီးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

၃။       အသီးအနှံများကို အနေတော်လှီးဖြတ်ထားပါ။ ငါးကို ကြော်ခါနီးမှ ဆားနည်းနည်း၊ ပဲငံပြာရည် နည်းနည်းနဲ့ နယ်ထားပါ။ ဆီပူမှာ ကြက်သွန်နှင့် ချင်းတို့ကို ဦးစွာကြော်ပါ။ အသီးအနှံတွေထည့်ပြီး လှိမ့်ပါ။ ပြီးလျှင် ငါးတုံးလေးတွေထည့်ပြီး အနည်း ငယ် လှိမ့်ပါ။

၎။       ပဲငံပြာရည်၊ ဆား၊ အသားမှုန့်နှင့် သကြားတို့ကို ထည့်ပါ။ ရေနည်းနည်းထည့်ပြီး ခဏအုပ်ပါ။ အားလုံးကျက်ပြီဆိုလျှင် ခရုဆီလေးထည့်မွှေပြီး ရှမ်းနံနံလေး ဖြူးလိုက်လျှင် ရပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments