ငါးခေါင်းအုန်းနို့အစပ်ဟင်း

by အံ့ဝင့္ထြဋ္  (MRTV – 4) for Food Magazine

ဒီဟင်းလျာက ငါးခေါင်းဟင်းလျာကို တစ်မျိုးထူးခြားအောင် ပြင်ဆင်ချက်ပြုတ်ချင်တဲ့ အိမ်ရှင်မတွေအတွက် သင့်လျော်တဲ့ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

ငါးခေါင်း –  ၂ဝဝ ဂရမ်

ကြက်သွန်နီထောင်း –  စားပွဲဇွန်း ၂ ဇွန်း

ချင်း –  အနည်းငယ်

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ငံပြာရည် –  အနည်းငယ်

အုန်းနို့ –  စားပွဲဇွန်း ၃ ဇွန်း

သကြား –  အနည်းငယ်

ဆား –  အနည်းငယ်

ငရုတ်သီးစိမ်း/နီ –  ၇ တောင့်ခန့်

ငရုတ်အနှစ် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မဆလာ –  စားပွဲဇွန်း ၁ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ငရုတ်ကောင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ငရုတ်သီးနီအတောင့်ကြီး –  ၁ တောင့်

ရုံးပတီသီး –  ၃ တောင့်

ပြောင်းဖူးသေး –  ၃ ခု

ခရမ်းြွကပ်သီး –  ၃ လုံး

ရှမ်းနံနံ –  အနည်းငယ်

ကြက်သွန်ဖြူထောင်း –  စားပွဲဇွန်း ၁ ဇွန်း

သက်သတ်လွတ်ဟင်းခတ်မှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ကြက်သွန်နီကို ပါးပါးလှီး၍ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ကို အနေတော်လှီးပြီး တိုဟူးကို အတုံးလေးများ တုံးထားပါ။ တိုဟူးကို ြွကပ်အောင် ကြော်ပြီး ဆယ်ယူထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်၍ ဆီပူပြီဆိုလျှင် နနွင်းမှုန့်ထည့်ပါ။ အနံ့မွှေးလာပြီဆို

လျှင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို ထည့်ပြီး ကြက်သွန်နီများ ြွကပ်လာသည်အထိ ကြော်ပါ။ ငရုတ်သီးအကြမ်းမှုန့် ထည့်ပြီး ကြော်ထားသော တိုဟူးများ ထည့်ပါ။ အရသာအတွက် ဆား အနည်းငယ်၊ သကြားအနည်းငယ်၊ သက်သတ်လွတ်ဟင်းခတ်

မှုန့် အနည်းငယ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ကို ထည့်ပါ။ အရသာထည့်ပြီးသွားလျှင် လှီးထားတဲ့ ကြက်သွန်မြိတ်နှင့် နံနံပင်ကို ထည့်ပါ။ ပြီးလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu