ငါးခူပင်စိမ်း အစပ်ချက်နှင့် သင်္ဘောသီးအမှည့်သုပ် (Basil Cat-Fish with Ripe Papaya Salsa)

ငါးခူပင်စိမ်း အစပ်ချက်နှင့် သင်္ဘောသီးအမှည့်သုပ်

(Basil Cat-Fish with Ripe Papaya Salsa)

          ဒီလအတွက် ထပ်မံဖော်ပြပေးချင်တဲ့ ဟင်းလျာအတွဲလေးကတော့ ထိုင်းအစားအစာချက်ပြုတ်နည်းကို အခြေခံပြီးပြင်ဆင်ထားတဲ့ “ငါးခူ ပင်စိမ်း အစပ်ချက်နှင့် သင်္ဘောသီး အမှည့်သုပ်” လေးပါပဲ။ ထူးခြားတဲ့ သင်္ဘောသီး အမှည့်ကို ချဉ်စပ်လေးသုပ်ထားပြီး အလွန်အရသာပြည့်ဝတဲ့ ငါးခူပင်စိမ်း အစပ်ချက်နဲ့ တွဲဖက်ပြင်ဆင်ထားတာမို့ အရသာ စူးစူးရှရှလေးတွေ ကြိုက်နှစ်သက်သူတွေအတွက်  စိတ်ကျေနပ်မှု ရစေမှာပါ။ ငါးခူးကိုအသားလွှာပြီး ကြက်သွန်ဖြူ၊ ချင်း၊ ဆပ်ဖူဥ၊ ငရုတ်သီးစိမ်း၊ သံပရာရည်တို့နဲ့ အရသာသွင်းထားတာမို့  လတ်ဆတ်တဲ့ ထိုင်းအစားအစာ အနံ့အရသာနဲ့ ပြည့်စုံပါတယ်။ ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ်လေးကို ငါးခူကျက်ခါနီးမှ အုပ်ချက်ထားပါတယ်။ သာမန်အားဖြင့်တော့ သင်္ဘောသီး အစိမ်းကို သုပ်စားကြပေမယ့် ဒီတစ်ခါတော့ ထူးခြားတဲ့ သင်္ဘောသီးအမှည့်လေးကို အနောက်တိုင်းဟင်းလျာ ပြင်ဆင်နည်းလေးကို အခြေခံပြီးပြင်ဆင်ပေးလိုက်ပါတယ်။ ကဲ . . . ထူးခြားတဲ့ ဟင်းလျာအတွဲလေး ပြင်ဆင်ကြည့်ကြရအောင်  . . . OK

ငါးခူပင်စိမ်းအစပ်ချက်

ပါဝင်ပစ္စည်းများ

♦   ငါးခူ   –   ၁ ကောင်

♦   သံပရာသီး   –   ၁ လုံး

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   ကြက်သွန်ဖြူ  –   ၅ တတ်

♦   ငရုတ်သီးစိမ်း   –   ၃ တောင့်

♦   ချင်း   –   အနည်းငယ်

♦   ဆပ်ဖူဥ   –   အနည်းငယ်

♦   ပဲဆီ   –   ၂ ဇွန်း

♦   ဆန်အရက်   –   အနည်းငယ်

♦   ခရုဆီ   –   ၁ ဇွန်း

♦   ပဲငံပြာရည်   –   အနည်းငယ်

♦   ပင်စိမ်းရွက်   –   အနည်းငယ်

♦   နှမ်းဆီမွှေး   –   အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။      ငါးခူးကို အသားလွှာထုတ်ပြီး တစ်လက်မခန့် အတုံးလေးများလှီး ထားပါ။

၂။      အသင့်လှီးထားသော ငါးခူကို သံပရာသီး၊ ဆား၊ ငရုတ်ကောင်း၊ ကြက် သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်း၊ ဆပ်ဖူဥ တို့ဖြင့် အရသာသွင်းထားပါ။

၃။      ဒယ်အိုးတွင်ပဲ ဆီသန့်ကို အပူပေးပြီး အရသာသွင်းထားသော ငါးခူကို ထည့်ချက် ၍ ဆန်အရက်အနည်းငယ်ဖြင့် မီးသင်းချက်ပါ။

၎။      ငါးခူအနည်းငယ် ကျက်လျှင် ခရုဆီ၊ ပဲငံပြာရည်နှင့် ပင်စိမ်းရွက် ထည့်ချက်ပြီး ငါးပြုတ်ရည်အနည်းငယ်ဖြင့် ငါးခူနူးအောင်ချက်၍ နှမ်းဆီမွှေးအုပ်၍ တည်ခင်းပါ။

သင်္ဘောသီးအမှည့်သုပ်

ပါဝင်ပစ္စည်းများ

♦   သင်္ဘောသီးအမှည့်   –   ၂ စိတ်

♦   ကြက်သွန်ဖြူ   –   ၂ တက်

♦   ချင်း  –   အနည်းငယ်

♦   ရှမ်းငရုတ်နီ   –   ၁ တောင့်

♦   နံနံပင်   –   အနည်းငယ်

♦   ခရမ်းချဉ်သီးခြောက်   –   အနည်းငယ်

♦   ငရုတ်ကောင်း  –  အနည်းငယ်

♦   ပန်းသီးရှလကာရည်  –   အနည်းငယ်

♦   ပျားရည်   –   ၂ ဇွန်း

♦   ငါးငံပြာရည်   –   အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။      သင်္ဘောသီးမှည့်ကို အခွံနွှာအစေ့ထုတ်၍ သုံးမြှောင်ပုံလှီးထားပါ။

၂။      ကြက်သွန်ဖြူ၊ ချင်း၊ ရှမ်းငရုတ်နီ၊ နံနံပင်၊ ခရမ်းချဉ်သီးခြောက်၊ ငရုတ်ကောင်း၊ ပန်းသီးရှလကာရည်၊ ပျားရည်နှင့် ငါးငံပြာရည်တို့ကို အသင့်လှီးထားသော သင်္ဘောသီးမှည့်နှင့် သမအောင်ရောမွှေ၍ ရေခဲသေတ္တာတွင် အအေးခံနှပ်ထားပြီး တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments