ငါးကင်

 by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

တီလားဗီးယားငါး  –  ၁ ကောင်

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သွန်ဖြူ  –   ၆ မြွှာ

ချင်း  –  အနည်းငယ်

နံနံပင်  –  များများ

ပင်စိမ်းရွက်  –  အနည်းငယ်

ဖက်ဖယ်ရွက်  –  အနည်းငယ်

ရှမ်းနံနံ  –  အနည်းငယ်

စပါးလင်  –  ၁ ချောင်း

ဆား  –  အနည်းငယ်

သကြား  –  အနည်းငယ်

ငရုတ်သီး  –  ၁၀ တောင့်ခန့်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ငါးကို သေချာဆေးကြောသန့်စင်ပြီး ရေစင်အောင် စစ်ထားပါ။

၂။       ငါးကို ဓားဖြင့် မွှန်းထားပါ။

၃။       ကြက်သွန်ဖြူ၊ နံနံပင်၊ ချင်း၊ ငရုတ်သီး၊ ပင်စိမ်းရွက်၊ ငရုတ်သီး၊ ဖက်ဖယ်ရွက်နှင့် ရှမ်းနံနံတို့ကို ကြိတ်ပြီး ခရုဆီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့ကို ထည့်ပြီး အနှစ်ဖြစ်အောင် လုပ်ပါ။

၎။       အနှစ်ရပြီဆိုလျှင် ငါးကို နယ်ပါ။ စပါးလင်ကို ထုခြေပြီး ငါးဗိုက်ထဲ ထည့်ပါ။

၅။       အရသာစိမ့်ဝင်သွားစေဖို့ ၁ နာရီခန့် နှပ်ထားပါ။

၆။       အရသာနပ်ပြီးသွားပြီဆိုလျှင် အပူချိန် 180˚C အပူပေးထားတဲ့ Oven ထဲ ထည့်ပြီး ကင်ပါ။

၇။       မီးသွေးအကင်ဖိုဖြင့်  ကင်မည်ဆိုလျှင် ကင်နေစဉ် ငါးအသားများ မခြောက်သွား အောင် ဆီဖြင့် သုတ်ပေးပါ။

၈။       အနံ့မွှေးပြီး ငါးလည်းကျက်ပြီဆိုလျှင် ကြိုက်နှစ်သက်ရာ ဆော့စ်ဖြင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments