ခရုဆီကြက်တောင်ပံပေါင်း (Steamed Chicken Wing with Oyster Sauce)

by Sofia for Food Magazine

          ယိုးဒယားစတိုင် ခရုဆီကြက်တောင်ပံပေါင်းလေးဖြစ်ပါတယ်။ ကြက်တောင်ပံ သီးသန့်ပေါင်းနိုင်သလို  အဆာသွတ်ပြီးလည်း ပေါင်းနိုင်ပါတယ်။ နူးညံ့ပြီး အရသာရှိတဲ့ ယိုးဒယား ခရုဆီ ကြက်တောင်ပံပေါင်းလေးကို ကလေး၊ လူကြီးအားလုံး နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြက်တောင်ပံ  –  ၃ ချောင်း (၃၆၀ ဂရမ်)

ခရုဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြည်  –  ၂ ဇွန်း

ငရုတ်ကောင်း  –  အနည်းငယ်

သကြား၊ ဟင်းခတ်မှုန့်  –  ၁/၂ ဇွန်း

ကြက်သွန်ဖြူ  –  ၂ မြွှာ

နှမ်းဆီမွှေး  –  အနည်းငယ်

ကိုက်လန်၊ ပန်းစိမ်း  –  လက်တစ်ဆုပ်

ပြုလုပ်နည်း

၁။       ကြက်တောင်ပံကို ရေဆေးသန့်စင်ပါ။ ပါဝင်ဟင်းစပ်ပစ္စည်းများ ထည့်နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။       ပေါင်းအိုးထဲ ရေထည့်ပြီး တည်ထားပါ။ ရေဆူပွက်ပါက အရသာနယ်ပြီးသား ကြက်တောင်ပံကို ပန်းကန်ထဲမှာ ထည့်ပေါင်းပါ။

၃။       ၁၅ မိနစ်ခန့် ပေါင်းပြီးပါက ကြက်တောင်ပံကျက်မကျက် အချွန်တစ်ခုဖြင့် ထိုးကြည့်ပြီး နူးအိပါက ပေါင်းအိုးမှ ချပါ။

၎။       ကိုက်လန် (သို့) နှစ်သက်ရာအရွက်ကို ရေနွေးဖျောပြီး တည်ခင်းမည့်ပန်းကန်ထဲမှာ ထည့်ပါ။

၅။       အပေါ်မှပေါင်းထားသော ကြက်တောင်ပံများကို စီထည့်ပါ။

၆။       လက်ကျန်ဆော့စ်များကို အနည်းငယ်ပျစ်အောင် အပူပေးပြီး အပေါ်မှဆမ်းကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Facebook Comments