ချိစ်တုန်ယမ်း အိုးမလက် (Cheese Tomyum Omelet)

by Syi Lwin Foods Garden for Food Magazine

          ချိစ်တုန်ယမ်းအိုးမလက်ကတော့ ထိုင်းအရသာနှင့် အနောက်တိုင်း အရသာ ရောသမမွှေ အကြော်လေးပါ။ မနက်စာ၊ နေ့လယ်ခင်းအဆာပြေနှင့် ညလယ်စာကို ပေါင်မုန့်မီးကင်ဖြင့် အတူတွဲစားရင် လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

တောကြက်ဥ  –  ၄ လုံး (နာနာခလောက်ထားပါ)

ချိစ်မှုန့်  –  စားပွဲဇွန်း ၃  ၁/၂ ဇွန်း

Tomyum Paste  –  စားပွဲဇွန်း ၂ ဇွန်း

နံနံပင်  –  ၂ ပင် (အရွက်များြွေခထားပါ)

ပင်စိမ်း  –  ၁ ပင် (အရွက်များြွေခထားပါ)

နို့စိမ်း  –  စားပွဲဇွန်း ၂   ၁/၂ ဇွန်း

နေကြာဆီ  –  စားပွဲဇွန်း ၂ – ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ဖန်ဇလုံအကြီးထဲ တောကြက်ဥ ဖောက်ထည့်ပြီး နာနာခလောက်ပါ။  ပြီးလျှင် နို့စိမ်း ထည့်ပြီး သေချာ ခရင်းဖြင့် ခလောက်ပါ။

၂။       ကြက်ဥအနှစ်ထဲ Tomyum Paste နှင့် ဆားထည့်ပြီး နာနာခလောက်ပါ။

၃။       မကပ်သော ဒယ်အိုးပြန့်အကြီးထဲ ဆီထည့်ပြီး ပူအောင်တည်ပါ။

၎။       ကြက်ဥအနှစ်များကို အိုးအပြည့်ထည့်လိုက်ပါ။ ချိစ်မှုန့်၊ နံနံပင်၊ ပင်စိမ်းရွက်များကို သေချာ အနှံ့ ဖြူးပေးပါ။ မီးအနေတော်ဖြင့် ၃ မိနစ်ခန့် အငွေ့တက်လာသည်အထိ တည်ပါ။

၅။       ဇွန်းအပြားဖြင့် တစ်ဖက်ခြမ်းကို လှန်ပြီး ၂ – ၃ မိနစ်ခန့် တည်ပါ။ ဇွန်းအပြား ဖင်ဖြင့် အနည်းငယ်ဖိပေးပါ။

၆။       နှစ်ဖက်စလုံး ရွှေရောင်သန်းလာလျှင် ရပါပြီ။ မီးဖို ပေါ်မှချပြီး လိုသလောက်စိတ်ကာ ထမင်းပူပူ၊ ပေါင်မုန့်များဖြင့် အတူတွဲပြီး သုံးဆောင်လို့ရပါတယ်။

Facebook Comments