ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်အြွကပ်ကြော် (Vegetable Tempuras)

by Syi Lwin for Food Magazine

အကြော်ပူပူလေးကြိုက်သူများအတွက် မိမိစိတ်ကြိုက် ဟင်းသီးဟင်းရွက်များကို အလွယ်တကူ လုပ်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (ဟင်းသီးဟင်းရွက်)

ကန်စွန်းရွက် –  ၁ စည်း (အရွက်များြွေခထားပါ)

ချဉ်ပေါင်ရွက် –  ၁ စည်း (အရွက်များြွေခထားပါ)

အသီးအရွက်ဆီ –  လိုသလောက် (ကြော်ရန်)

အကြော်မုန့်နှစ်လုပ်ရန် ပါဝင်ပစ္စည်းများ

ဂျုံမှုန့် –  ၁/၂ ခွက် (ရေခဲသေတ္တာထဲ ထားပါ)

ပြောင်းဖူးမှုန့် –  ၁/၂ ခွက် (ရေခဲသေတ္တာထဲ ထားပါ)

ဆော်ဒါမှုန့် –  လက်ဖက်ဇွန်း ၁/၂ ဇွန်း

စပါကလင်ရည်အအေး –  ၁ ခွက်

ကြက်ဥ –  ၁ လုံး

ဆား –  အနည်းငယ်

ရေခဲတုံး –  ဇလုံအောက်မှာ ခံရန်

ပြုလုပ်နည်း

၁။       အကြော်အနှစ်လုပ်ရန်မှာ ခရားအသေးထဲ ကြက်ဥထည့်ပြီး ခလောက်ပါ။

ပြီးလျှင် စပါကလင်ရည် ထည့်ပြီး ထပ်မံ၍မွှေပါ။

၂။       ဖန်ဇလုံကြီးထဲ ဂျုံမှုန့်နှင့် ဆော်ဒါမှုန့် ထည့်ပြီး ရောပါ။ ပြီးလျှင် အလယ်တည့် တည့်မှာ တွင်းလေးလို လုပ်၍ ကြက်ဥရည်များ ရောထည့်ပြီး သေချာ ခလောက်ပါ။ ကျန်ပါဝင် ပစ္စည်းများ ထပ်ထည့်၍ သေချာခလောက်နေတုန်း ဖန်ဇလုံအောက်မှာ ရေခဲတုံးများခံပြီး ခလောက်လျှင် ပိုကောင်းပါတယ်။

၃။       ဇောက်နက်အိုးထဲ ဆီပူအောင်တည်ပါ။ ဆီပူလာလျှင် အရွက်များကို တစ်ရွက် ချင်း အကြော်အနှစ်ထဲ ခပ်ဖွဖွနှစ်ပါ။ ပြီးလျှင် အနှစ်များကို အနည်းငယ်ခါချပါ။ ဆီဆူတဲ့အထဲ တစ်ရွက်ချင်း ထည့်ကြော်ပါ။

၎။       အကြော်များကို ဆီစစ်ဆန်ခါပေါ်တင်ပြီး ဆီစစ်ထားပါ။ ပူပူလေးကို ကြိုက်နှစ် သက်ရာ အချဉ်ရည်ဖြင့် တို့စားနိုင်ပါတယ်။

Facebook Comments