ချဉ်စပ်လက်ဖက်ထမင်းကြော်

by Myint Oo Tha for Food Magazine

          လက်ဖက်ထမင်းစားရတာ ရိုးအီနေရင် လက်ဖက်ထမင်းကြော်ကို စားကြည့်စေချင်ပါတယ်။ လက်ဖက်ထမင်းလို အေးစက်မနေဘဲ လက်ဖက်နံ့သင်းပြီး ပူပူလေးမို့ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

ထမင်းဖြူ  –  ပန်းကန်လုံး ၁ လုံး (၂၄၀ ဂရမ်)

ပဲငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းအဖြူမှုန့်  –  အနည်းငယ်

ဆား  –  အနည်းငယ်

သက်သတ်လွတ်အရသာမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

သီးစုံ (ကြိုက်နှစ်သက်ရာ)   –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်သီးစိမ်း  –  ၄ တောင့်  (ပါးပါးလှီးထားပါ)

ကြက်ဥ –  ၁ လုံး

သက်သတ်လွတ်လက်ဖက်ထောင်း  –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အကြော်စုံ  –  စားပွဲဇွန်း ၂ ဇွန်း

ချယ်ရီခရမ်းချဉ်သီး  –  ၄ လုံး (ထက်ခြမ်း ခြမ်းထားပါ)

ကြက်သွန်ဖြူ  –  ၁ မြွှာ

ပြုလုပ်နည်း

၁။       ထမင်းဖြူကို ပဲငံပြာရည်၊ ဆား၊ ငရုတ်ကောင်းအဖြူမှုန့်၊ သက်သတ်လွတ် အရသာမှုန့်တို့နှင့် နယ်ထားပါ။

၂။       ကြက်သွန်ဖြူကို ဆီသတ်ပြီး ငရုတ်သီးစိမ်း ထည့်ပါ။

၃။       ပြီးလျှင် ကြက်ဥဖောက်ထည့်ပြီး ကြော်ပါ။

၎။       ပြီးလျှင် နယ်ထားတဲ့ ထမင်းထည့်၍ ကြော်ပြီး အပေါ့အငန်မြည်းပါ။

၅။       သီးစုံထည့်ပြီး မွှေပါ။

၆။       မီးပိတ်ပြီး ထောင်းထားတဲ့ လက်ဖက်ထပ်ထည့်၍ နှံ့စပ်အောင် မွှေပါ။

၇။       စားမယ့်ပန်းကန်ထဲ ပြောင်းထည့်ပြီး အကြော်စုံဖြူးပါ။ ချယ်ရီခရမ်းချဉ်သီးလေးတွေ တင်ပါ။ အစပ်ကြိုက်ပါက ပါးပါးလှီးထားတဲ့ ငရုတ်သီး စိမ်း ထပ်ပြီးထည့်နိုင်ပါတယ်။

          (ထောင်းပြီးသား လက်ဖက်ဝယ်ပါက ပုစွန်ခြောက်ပါတဲ့အတွက် လက်ဖက်အညွန့်ကို ငရုတ်သီးစိမ်းနှင့် ဆားထည့်ပြီး ထောင်းပါ။ ပြီးလျှင် သံပရာရည်ထည့်ပြီး နယ်ပါ။ ပြီးလျှင် ဆီဆမ်းပါ။)

Facebook Comments