ချင်း အိုးမလက် (Ginger Omelet)

by Syi Lwin Foods Garden for Food Magazine

          ချင်း အိုးမလက်ကို မနက်စာ၊ နေ့လယ်ခင်း အဆာပြေနှင့် ညလယ်စာ လုပ်စားလို့ အဆင်ပြေစေသော အိုးမလက်ပါ။ လုပ်စားကြည့်လိုက်ပါ။ ကြိုက်သွားစေရမယ်။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၃ လုံး (နာနာခလောက်ထားပါ)

ကြက်သွန်နီ  –  ၁ လုံး (ခပ်နုပ်နုပ်လေး လှီးထားပါ)

ခရမ်းချဉ်သီး  –  ၂ လုံး (အစေ့ထုတ်ပြီး ခပ်သေးသေးတုံးများ လှီးထားပါ)

ချင်း  –  ၁ လက်မအရွယ် (မျှင်မျှင်ပါးပါး အရှည်များ လှီးထားပါ)

နံနံပင်  –  ၃ ပင် (အရွက်များ ခြွေထားပါ)

နနွင်းမှုန့်  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  ၃ တောင့် (ခပ်ပါးပါး လှီးထားပါ)

ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

နို့စိမ်း  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း

နေကြာဆီ  –  စားပွဲဇွန်း ၂ – ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ဖန်ဇလုံအကြီးထဲ နနွင်းမှုန့်၊ ဆား၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းနှင့် ချင်းတို့ကို ထည့်ပါ။

၂။       ပြီးလျှင် နို့စိမ်းထည့်ပြီး ခက်ရင်းဖြင့် သေချာခလောက်ပါ။

၃။       ကြက်ဥများကို ဖောက်ထည့်ပြီး နနွင်းမှုန့်၊ ဆား၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်းနှင့် ချင်းတို့ကို ထည့်ကာ နာနာခလောက်ပါ။

၎။       ကြက်ဥအနှစ်ထဲ ဟင်းသီးဟင်းရွက်များ တစ်ခုချင်းထည့်ပြီး ခက်ရင်းဖြင့် ခလောက်ပါ။

၅။       မကပ်သော ဒယ်အိုးပြန့်အကြီးထဲ ဆီထည့်ပြီး ပူအောင် တည်ပါ။

၆။       ကြက်ဥနှင့် ဟင်းသီးဟင်းရွက်ရောများကို အိုးအပြည့်ထည့်ပါ။ မီးအနေတော်ဖြင့် ၂-၃ မိနစ်ခန့် အငွေ့တက်လာသည်အထိ တည်ပါ။

၇။       ဇွန်းအပြားဖြင့် တစ်ဖက်ခြမ်းကို လှန်ပြီး ၂ မိနစ်ခန့် တည်ပါ။ ဇွန်းအပြားဖင်ဖြင့် အနည်းငယ်ဖိပေးပါ။

၈။       နှစ်ဖက်စလုံး ရွှေရောင်သန်းလာလျှင် ရပါပြီ။ မီးဖိုပေါ်မှချပြီး လိုသလောက်စိတ်ပြီး ထမင်းပူပူ၊ ပေါင်မုန့်များဖြင့် အတူတွဲပြီး သုံးဆောင်လို့ ရပါတယ်။

Facebook Comments