ချင်းမိုင်ခေါက်ဆွဲ (Chiang Mai Curried Noodles)

by Sofia for Food Magazine

          ချင်းမိုင်ခေါက်ဆွဲက မြန်မာအုန်းနို့ခေါက်ဆွဲနဲ့ ဆင်တူပြီး အနီရောင်ဟင်းချက် အနှစ်ကို အသုံးပြုချက်ထားတာမို့ အနံ့အရသာက ထူးခြားလှပါတယ်။ အလှူမင်္ဂလာပွဲ၊ မွေးနေ့ပွဲများအတွက် ထူးထူးခြားခြားလေး တည်ခင်းဧည့်ခံလိုတဲ့ အိမ်ရှင်မများအတွက် ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၅၀ဝ ဂရမ်

ယိုးဒယားအနီရောင် ဟင်းချက်အနှစ်  –  စားပွဲဇွန်း ၄ ဇွန်း

(Red Curry Paste)

နနွင်း  –  အနည်းငယ်

အုန်းနို့ (အပျစ်)  –  ၁၅၀ မီလီလီတာ

အုန်းနို့ (အကျဲ)  –  ၄၀ဝ မီလီလီတာ

ကြက်ပြုတ်ရည်  –  ၂၀ဝ မီလီလီတာ

ငံပြာရည်  –  ၂ ဇွန်း

ပဲငံပြာရည် (အနောက်)  –  ၂ ဇွန်း

သံပရာသီး  –  ၁ ခြမ်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ဆီ  –  ၂ ဇွန်း

 

တွဲဖက်စားရန်

နံနံပင်

ကြက်သွန်မြိတ်

ကြက်သွန်နီ

ခေါက်ဆွဲခြောက်ကြော်

ငရုတ်သီးဆီချက်

 

ပြင်ဆင်ချက်ပြုတ်ပုံ

၁။       ကြက်သားကို အနေတော်အတုံးလှီးထားပါ။

၂။       ချက်မယ့်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပါက အနီရောင် ဟင်းချက်အနှစ်နှင့် နနွင်းထည့်ပြီး ဆီသတ်ပါ။

၃။       ဆီသတ်နံ့မွှေးလာလျှင် ကြက်သားထည့်ပြီး ကြော်ပေးပါ။ အုန်းနို့အပျစ်ထည့်ပါ။

၎။       ဆူပွက်လာပါက အုန်းနို့အကျဲနှင့် ကြက်ပြုတ်ရည်ထည့်ပါ။ ငံပြာရည်၊ ပဲငံပြာရည်၊ ဆား၊ ငရုတ်ကောင်း ထည့်ပါ။

၅။       ကြက်သားနူးပါက အရသာအပေါ့အငန်မြည်းပြီး သံပရာသီးညှစ်ကာ ခေါက်ဆွဲပြင်ရန် အသင့်ဖြစ်ပါပြီ။

၆။       ခေါက်ဆွဲကို ရေဆူဆူမှာ ဖျောပြီး ပန်းကန်မှာ ထည့်ပါ။ ကြက်သားနှင့်ဟင်းရည် သမအောင်ခပ်ထည့်ပြီး ကြက်သွန်မြိတ်၊ နံနံပင်၊ ကြက်သွန်နီပါးပါး၊ ခေါက်ဆွဲခြောက်ကြော်၊ ငရုတ်သီးတို့ကိုထည့်ပြီး တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Facebook Comments