ခုံးထောင်း

by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ခုံး  –  ၅၀ဝ ဂရမ်

ခရမ်းချဉ်သီး  –  ၁ လုံး

ခရမ်းကြွပ်သီး  –  ၁ လုံး

သံပရာသီး  –  ၂ လုံး

ကြက်သွန်မြိတ်  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်သီးစိမ်း  –  ၅ တောင့်ခန့်

ငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ထန်းလျက်အနှစ်  –  စားပွဲဇွန်း ၁ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

မြေပဲ  –  စားပွဲဇွန်း ၁ ဇွန်း

ပုစွန်ခြောက်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ခုံးကို ရေနွေးဆူဆူထဲမှာ သံပရာရည်ထည့်ပြီး ၃ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ရေထဲမှ ဆယ်ယူပြီး အအေးခံထားပါ။

၂။       ခရမ်းချဉ်သီးနှင့် ခရမ်ြးွကပ်သီးတို့ကို အနေတော်အတုံးများ လှီးဖြတ်ထားပါ။

၃။       ဆုံထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ထောင်းပါ။

၎။       ပြီးလျှင် ငါးပိနှင့် ပုစွန်ခြောက်ထည့်ပြီး ထောင်းပါ။

၅။       ထန်းလျက်အနှစ်၊ မြေပဲဆံ၊ အရသာများ၊ သံပရာရည်၊ ခရမ်းချဉ်သီးနှင့် ခရမ်းကြွပ်သီးတို့ကို ထည့်ပြီး ထောင်းပါ။

၆။       အရသာပြည့်စုံပြီဆိုလျှင် ခုံးထည့်ပြီး မွှေပါ။

၇။       အားလုံးပြည့်စုံသွားပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး ကြက်သွန်မြိတ်ထည့်၍ သုံးဆောင်နိုင်ပါပြီ။

Facebook Comments