ခရမ်းချဉ်သီးနှင့် ကြက်အရေခွံသုပ် (Tomato with Chicken Skin Salad)

by Syi Lwin (Foodsgarden) for Food Magazine

အသုပ်ဆို လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ သွားရည်ကျစရာ အရသာမျိုးလေးရှိပြီးတော့ စားပြီးတိုင်းလည်း မအီဘဲ ထမင်းဝိုင်းမှာ မျက်နှာရစေတဲ့ အသုပ်ဖြစ်တာကြောင့် သုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ကြက်အရေခွံ – ၁၅ ကျပ်သား

ခရမ်းချဉ်သီး –  ၃ လုံး (အစေ့ထုတ်ပြီး အရှည်လိုက်လေးများ လှီးထားပါ)

နံနံပင် –  ၃ ပင် ( အရွက်များ ခြွေထားပါ)

ကြက်သွန်နီ –  ၁ လုံး (ခပ်ပါးပါးလေးများ လှီးထားပါ)

သံပရာသီး  –  ၂ လုံး (အရည်ညှစ်ပြီး လိုသလောက်ထည့်ပါ)

ငရုတ်ဆီ  –   စားပွဲဇွန်း ၁ ဇွန်း

ပဲမှုန့်အကျက်  –   လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

အိမ်ချက်ဆီချက်  –  စားပွဲဇွန်း ၁ ဇွန်း  (ကြက်သွန်ဖြူဆီချက်)

ငရုတ်သီးစိမ်း  –  ၄ တောင့် (အကွင်းပါးပါးလေးများ လှီးထားပါ)

စပါးလင်  –  ၁ ချောင်း (ထုထုံးထားပါ)

ကြက်သွန်ဖြူ  – ၂ မြွှာ (ဓားပြားရိုက်ထားပါ)

နနွင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်အရေခွံ၊ စပါးလင်၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း  ၁ ဇွန်း  ငံပြာရည်နှင့် ရေတစ်ခွက် ထည့်ပြီး ပြုတ်ပါ။ ရေအနည်းငယ် ခန်းသည်အထိတည်ပါ။ အအေးခံပြီး တစ်ခါကိုက်များ တုံးထားပါ။

၂။       ဖန်ဇလုံထဲ ကြက်အရေခွံနှင့် ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီးသုပ်ပါ။ လက်ဖြင့် သေချာမွှေပါ။ ဆားမြည်းပြီး အချဉ်အငန်အစပ်ကို လိုတာထပ်ဖြည့်ပြီး ချက်ချင်းသုံးဆောင်ပါ။

www.facebook.com/Syi Foodsgarden

Facebook Comments