ခရင်မ်ချိစ် ပေါင်မုန့်

by Evy’s Kitchen for Food Magazine

          အီအီဆိမ့်ဆိမ့် ချိစ်နှစ်သက်သူတွေ သဘောကျမယ့်ပေါင်မုန့်လုပ်နည်း တစ်မျိုးကို မျှဝေပေးချင်ပါတယ်။ ပေါင်မုန့်အချိုကိုမှ ခရင်မ်ချိစ် အစာထည့် ထားတဲ့ အချိုမုန့်တစ်ခုပါ။ အရသာကတော့ အထူးတလည် မေးမနေပါနဲ့တော့။ ပေါင်မုန့် ချိုဆိမ့်ဆိမ့်လေး၊ ကော်ဖီခါးခါးလေးနဲ့သာ မြည်းလိုက်ရရင် တော့ အကောင်းဆုံး လက်ဖက်ရည် သောက်ချိန်ဖြစ်မှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

အစု (၁)

နို့ဆီ  –  ၆၀ ဂရမ်

ကြက်ဥခေါက်ပြီးသား  –  ၂၀ ဂရမ်

ရေ  –  ၁၆၀ မီလီလီတာ

ဆား  –  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

Yeast  –  ၅ ဂရမ်

အစု (၂)

ပေါင်မုန့်ဂျုံ  –  ၂၆၀ ဂရမ်

ရိုးရိုးဂျုံ  –  ၄၀ ဂရမ်

နို့မှုန့်  –  ၅ ဂရမ်

သကြား  –  ၅၀ ဂရမ်

အစု (၃)

ထောပတ်  –  ၃၀ ဂရမ် (အခန်းအပူချိန်)

ခရင်မ်ချိစ် filling

ခရင်မ်ချိစ်  –  ၂၀ဝ ဂရမ်

ထောပတ်  –  ၅၀ ဂရမ်

သကြားမှုန့်  –  ၆၀ ဂရမ်

ချောကလက်ခြစ်ပြီးသား  –  စားပွဲဇွန်း ၂ ဇွန်းခန့် (ဥစအငသညေူ)

အားလုံးကို သမအောင် ရောမွှေထားပါ။

မုန့်လုပ်နည်း

၁။       ပထမဆုံး အစု (၁)၊ (၂) ကို ရောထည့်ပြီး ၇ မိနစ်ခန့် မွှေပါ။

၂။       နောက် အစု (၃) ဖြစ်သော ထောပတ်ကိုထည့်ပြီး ဂျုံသား ချောမွတ် အောင် နယ်ပေးပါ။ (မိနစ် ၂၀ မှ ၂၅ မိနစ်ခန့် နယ်ရပါမယ်။)

၃။       ဂျုံသားပွလာအောင် မိနစ် ၄၀ ခန့် ထားပါ။ ထို့နောက် ၄၀ ဂရမ်ခန့် အလုံးငယ်များ လုံးပြီး ၁၀ မိနစ်ခန့် ထပ်ထားပါ။

၎။       ထို့နောက် တစ်လုံးစီမှာ ခရင်မ်ချိစ် အနည်းငယ်စီထည့်ပြီး ခပ်ပြားပြား ဖြစ်အောင် ဖိချပါ။

၅။       ပေါင်မုန့်ဗန်းပေါ်မှာ ဆီစိမ်စက္ကူခင်းပြီး နောက်ထပ်ဗန်းတစ်ခုကို ထပ်တင်ပါ။

၆။       ပေါင်မုန့်များ ပွလာအောင် မိနစ် ၄၀ ထားပေးပြီးနောက် ၁၈၀ ဒီဂရီ အာဗင်မှာ ၁၃ မိနစ် ဖုတ်ပေးကာ အအေးခံပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments