ကြက်ြွကပ်လီမွန်ဆော့စ်

by အံ့ဝင့္ထြဋ္  (MRTV – 4) for Food Magazine

လုပ်ရတာလည်း လွယ်ကူပြီး အရသာလည်း ရှိစေမယ့် ကြက်ြွကပ်လီမွန်ဆော့စ်လေးပါ။ ကဲ… ချက်နည်းလေး ကြည့်ရအောင်ပါ။

ပါဝင်ပစ္စည်းမျာ

ကြက်သား –  ၃ဝဝ ဂရမ်

သံပရိုသီး (Lemon) –  ၂ လုံး

ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ကော်မှုန့် –  စားပွဲဇွန်း ၃ ဇွန်း

ဂျုံမှုန့် –  စားပွဲဇွန်း ၂ ဇွန်း

ဆီ –  ကြော်ရန်

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ –  ၆ မြွှာ

ချင်း –  ၅ ဂရမ်

ငရုတ်သီးအနီ –  ၁ တောင့်

ကြက်သွန်မြိတ် –  အနည်းငယ်

နှမ်းဆီမွှေး –  အနည်းငယ်

ရေ

ပြုလုပ်နည်း

ကြက်သွန်နီကို အနေတော်အတုံးလေးများ တုံးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ် စဉ်းပါ။ ချင်းကို အမျှင်လေးများ လှီးဖြတ်ပြီး ငရုတ်သီးအနီနှင့် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီး

ထားပါ။ သံပရိုသီးကို အရည်ညှစ်ထားပါ။ ကြက်သားကို အနေတော် အတုံးများ လှီး၍ ငရုတ် ကောင်းမှုန့်၊ ဆား၊ သံပရိုအရည်၊ သကြား၊ နှမ်းဆီမွှေးနှင့် ဆီ အနည်းငယ် ထည့်ပြီး အရသာနယ်ပါ။ ပြီးလျှင် ကော်မှုန့်နှင့် ဂျုံမှုန့်တို့နှင့် နယ်ပါ။ ပြီးလျှင် ဆီဆူဆူမှာ ြွကပ်သည်အထိ ကြော်ပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်၍ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ချင်းကို ဆီသတ်ပါ။ အနံ့ မွှေးလာလျှင် ကြက်သွန်နီထည့်ပြီး သံပရိုရည်များထည့်ပါ။ ရေနှင့် ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပါ။ ပြီးလျှင် ကြော်ထားသော ကြက်သားများ ထည့်ပါ။ ငရုတ်သီးအနီ ထည့်၍ ကြက်သွန် မြိတ်ထည့်ပြီး ကော်ရည် ထည့်ပါ။ ပြီးလျှင် ပန်းကန်ထဲမှာ ထည့်ပါ။ ပြီးလျှင် ကြက်သွန်မြိတ်နှင့် လီမွန်အခွံတို့ ဖြူးထည့်ပါ။

Facebook Comments

Menu